ချည်တိုင်တစ်ခုရဲ့အစိမ်းသေ

ကမ္ဘာတစ်ခုလုံးက
ဒီချည်တိုင်လေးမှာပဲပေါ့
နေ့ကမှောင်ပြီး ညကလင်းလိုလင်း
ရှုံ့ချည်နှပ်ချည်အသံတွေ
အိပ်မောကျတိမ်ဝင်သွားချိန်အထိ
ရာသီပတ်လုံး
လောင်ကျွမ်းလင်းမြကောင်းနေဆဲ
အဲဒီကောင်ပေါ့
ကဗျာတွေကို
တနင့်တပိုးစားသုံးရင်း
ရူးသွပ်မှုအံဖတ်တွေဆို့ခဲ့တာ..........
အဲဒီကောင်ပေါ့
ဗျာပါဒရဲ့
လက်ညှိုးငေါက်ငေါက်တွေကို
ရင်ဘတ်နဲ့သိမ်းခဲ့တာ............
ကိုးကွယ်ရာကိုးကွယ်ကြောင်းမှာ
အရေခွံထူသထက်ထူလာတဲ့နောက်တော့
ဘယ်သဟဇာတတစ္ဆေကိုမှမကြောက်တော့တဲ့
အဲဒီကောင်လေ
သူ့ရဲ့ချည်တိုင်ကို
သူကိုယ်တိုင်ပဲ
နှလုံးသွေးတွေနဲ့စိုက်ခဲ့တယ်………………………။။။

အိုင်လွယ်ပန်

4 comments:

တင့်ထူးရွှေ said...

ကိုအိုင်ရေ အံဖတ်ဆို့ခဲ့တဲ့နောက်၊ ရင်ဘတ်နဲ့သိမ်းခဲ့တဲ့နောက်၊ ချည်တိုင်တစ်ခုမှာ အစိမ်းသေခဲ့တယ်ဆိုတဲ့ နောက်ထပ်တစ်ကြောင်း၊ ကောင်းတယ်ဗျ၊ အရေးကျဲပေမယ့် ကောင်းနေဆဲပဲဗျို့။

BLACK DREAM said...

ကျွန်တော်လည်း အံဖတ်တွေဆို့နေလေရဲ့ ...။

မောင်မျိုး said...

ကြောက်လိုက်တာ ခေါင်းစဉ်ကိုတွေ့ ပြီး ကဗျာကို တိတ်တိတ်လေးဖတ်သွားတယ် ။

Heartmuseum said...

အဲဒီကောင်ပေါ့
ဗျာပါဒရဲ့
လက်ညှိုးငေါက်ငေါက်တွေကို
ရင်ဘတ်နဲ့သိမ်းခဲ့တာ............မိုက်တယ်ဗျာ ရှယ်ပဲ။