ညဉ့်ငှက် (၁)


ညဟာ
တန်ကြေးခြင်းဖလှယ်ရာ
အဲဒီအခန်းကျဉ်းလေးလိုပဲ
မဲမှောင်အက်ကွဲနေ
ကြယ်ပျောက်ကလေးတွေ့ခဲ့ရတယ်
ရင်ခွင်တစ်ခုလုံး
စီးမျောနစ်ဝင်သွားပုံများ
မြက်ချောက်တွေတောင်
စိမ်းစိုလို့........

မိုး...သောက်...ရောင်...နီ
ကြယ်ပျောက်ကလေးကို
ခွဲခွာနှုတ်ဆက်ချိန်မှာ
အဲဒီညလေးကိုလွမ်းစိတ်နဲ့ပေါ့
နှုတ်ခမ်းဖျားလေးတွေတောင်
တဆတ်ဆတ်တုန်ရီလို့လေ.............။

အိုင်လွယ်ပန်

0 comments: