ခရီးတစ်ခုအားလိုက်ပို့ခြင်း


နွေနေပူပူကြား
မျက်နှာပူပူထားပြီး
ခံစားချက်တွေ
ခြေခြင်းလိမ်လို့
ထာဝရအိပ်စက်ကွန်းခိုရာကို
မင်းနဲ့အတူချီတက်ဖြစ်ခဲ့
ကွယ်ဝှက်ထားတဲ့
ရယ်ပွဲဖွဲ့သံတွေကြား
တစ်ချို့က
အပူရုပ်ကိုဟန်လုပ်ဖုံးကြ
တစ်ချို့က
ဟန်လုပ်ကာအပူရုပ်တပ်ဆင်ကြနဲ့
ရွေးပြီးပြောဖြစ်ခဲ့တဲ့
ကောင်းခဲ့တာလေးတွေကို
မင်းကြားနိုင်တော့မယ်မထင်........
ခံစားနိုင်တော့မယ်မထင်...........
သူငယ်ချင်းရေ!
မင်းက....
ငြိမ်းချမ်းခြင်းကိုရှာဖွေနေတုန်းမှာ
ငြိမ်းချမ်းခြင်းက
မင်းကို.....
ရှာတွေ့သွားခဲ့တယ်..............။

အိုင်လွယ်ပန်

1 comments:

Mhu Darye said...

ရွေးပြီး ပြောဖြစ်ခဲ့တဲ့
ကောင်းခဲ့တာလေးတွေကို တဲ့လား....
း)