လက်ခံနေကြရတယ်

မိုးရွာတုန်းရေခံဆိုပါလား
ရေခံတုန်းမိုးတိတ်တယ်
အပိုင်းအစတွေ
ကောင်းကင်ယံမှာမဲမှောင်အက်ကွဲ
ကြိုးတွေတစ်ဖြည်းဖြည်းတင်းလာခဲ့
အသက်မဲ့ရာသီတွေကိုယ်စီနဲ့
စိတ်သက်သက်တွေကိုကိုင်ဆောင်ထားကြ
ကြုံသလိုဖြေနေကြရတဲ့
မျက်ဝန်းနက်နက်တွေမှာ
မိုးတွေဘယ်လောက်များ
ရွာခဲ့ကြရပြီးပြီလဲ
ကောင်းတဲ့အတ္တတွေကို
ကျယ်ကျယ်ဖွင့်ထားလျှက်နဲ့
ငါတိုရဲ့စိတ်ကြမ်းခင်းတွေက
အခုထိအကွပ်မဲ့နေတုန်း
မိုးတွေသည်းသထက်သည်းသည်းလာတယ်…………။။။

အိုင်လွယ်ပန်

1 comments:

Anonymous said...

မိုးရွာနေတာက မိုးခါးရည်ကြီးကိုအိုင်းရေ့ တစ်ခါခါ မိုးသီးမိုးပေါက်တွေပါ ပါတတ်သေးတယ်။ ကြမ်းခင်းတွေကတော့ ဘယ်အချိန်ထိများ အကွပ်မဲ့နေရမှာလည်း မသိတော့ပါဘူးဗျား မိုးသည်ခြင်းတွေ တိတ်ဆိတ်ဖို့  ဘယ်အချိန်ထိများ မိုးရည်ထဲမှာစောင့်နေရမှာပါလိမ့်နော်။