အိပ်မက်

ပွင့်ချပ်တွေပေါ်
ဝတ်ရည်တွေပြန့်ကျဲ
လရောင်ရဲ့အငွေ့အသက်က
တစက်စက်နဲ့ ရင်ခွင်ကိုဖောက်
နားလည်မှုတွေနဲ့
နားမလည်မှုတွေရဲ့ကြား
တတိယတံခါးဟာ
ပိတ်ဆို့သော့ခတ်သွားခဲ့
အဲဒီလိုနဲ့ အဲဒီနေ့ရဲ့နောက်ဆုံးအချိန်
နတ်သမီးရဲ့နှုတ်ခမ်းထောင့်ချွန်းလေးမှာ
ကျွန်တော့်ရဲ့သေမိန့်တွေက
စိုလို့လက်လို့...........
အဲဒီအဖြစ်အပျက်ကို
နောက်တစ်ပတ်လောက်ကြာတော့
ကျွန်တော်မေ့သွားတယ်....................။။။

အိုင်လွယ်ပန်

2 comments:

စိုးထက် - Soe Htet ! said...

တတိယတံခါး က ဘာလဲ မသိလို့ :P

မောင်မျိုး said...

နားလည်မှုတွေနဲ့
နားမလည်မှုတွေရဲ့ကြား
တတိယတံခါးဟာ
ပိတ်ဆို့သော့ခတ်သွားခဲ့ တံခါးကတစ်နေ့ တော့ ပြန်ပွင်အုံးမှာပေါ့ ဒါမှနမဟုတ် သော့ကိုပြန်တွေ့ ချင်တွေ့ မှာပေါ့ဗျာ မေ့တော့ မမေ့လိုက်ပါနဲ့  တစ်ပါတ်ပဲရှိသေးတယ် ။:P