အိမ်ကထွက်လာတဲ့နေ့

ရာသီဥတုကသာမန်ပါပဲ
သာမန်ဆန်ဆန်
လျှောက်လှမ်းခြင်းမျိုးနဲ့ပဲ
ပိတ်ကားတစ်ခုကိုဖွင့်
နှုတ်ခမ်းတွေ
တင်းတင်းမစေ့နိုင်မှာစိုးလို့
မှိုင်းနေတဲ့မျက်ဝန်းနှစ်စုံကိုတော့
ရဲရဲမကြည့်ဖြစ်လိုက်ဘူး
ရင်ကိုတစ်မြေ့မြေ့နဲ့လှီးပစ်မဲ့
ဒါးထက်ထက်တွေကတော့
မကြည့်ပဲမြင်လိုက်ရ ............

ကြိုးတင်းတင်းနဲ့ပဲ
မီးစာကိုညှိပစ်လိုက်တယ်
အခုထက်ထိ............
တငွေ့ငွေ့ကျွမ်းနေတုန်း....................။။။

အိုင်လွယ်ပန်

3 comments:

emayarKhin said...

အဲဒီမီးတွေငြိမ်းတဲ့နေ့ဟာ
အိမ်ကိုပြန်ရောက်နေမဲ့နေ့ပေါ့...............

ThinkingHoney said...

ဖတ်ရတာ ရင်ကွဲလောက်အောင် ကောင်းတဲ့ ကဗျာပါ...
အိမ်က ထွက်လာတဲ့နေ့ကို ရုပ်ရှင်တကားလို ပြန်ကြည့်နေရသလိုပါပဲ

Anonymous said...

မီးတွေမကျွမ်းတော့မယ့် တစ်နေ့ကတော့ စမ်းရေလို အေးနေမယ့် အိမ်ကိုပြန်ရောက်မယ့်နေ့ လေးပေါ့ ကိုအိုင်း ရဲ့ ကဗျာတော်၂များ၂ ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတယ် ကျေးဇူး အစ်ကို ထပ်တူခံစားသွားပါတယ် ။