အရင်လိုမျှော်လင့်ချက်

အရင်လိုပါပဲ
သံပတ်ခပ်လျော့လျော့နဲ့ပဲ
စက်ဝိုင်းအဆုံးထိ
ဝေးသီမှုန်ဝါး
ပြေးထွက်သွားခဲ့..........

အရင်လိုပါပဲ
အရောက်လာနေကျ
အားတင်းပြန်ထရချိန်က
ဒီတခါလဲ
အချိန်မှန်နေဆဲ..........

အရင်လိုပါပဲ
လဲကျနိုင်တယ်ဆိုတာကို
နှစ်ထပ်မကရှိနေမှတော့လဲ
သိပ်ကိုမှတ်မိနေတတ်ခဲ့..........

အရင်လိုပါပဲ
တစ်နေ့နေ့ထင်လာမယ်လို့
(ငါကလွဲလို့ဘယ်သူမှမယုံကြည်တဲ့)
ကောက်ကြောင်းကို
ရေပေါ်မှာရေးဖို့ငါပြင်လိုက်တော့
တကယ့်ကို
အရင်လိုပါပဲ
(ပတ်ဝန်းကျင်ရဲ့)
သနားတတ်တဲ့မျက်ဝန်းတွေက
အရောင်တွေတောက်တောက်လာမြဲ..........

အိုင်လွယ်ပန်

1 comments:

Anonymous said...

မျှော်လင့်ထားတာတွေ အဆင်ပြေပါစေ အစ်ကိုရေ့ အားတင်းပြန်ထနိုင်ပါစေလို့  ဆုတောင်းပါတယ်ဗျာ။