လက်ခုပ်ထဲမှာတင်သေသွားတဲ့အိပ်မက်


စ လည် ဆုံး
သုံးပါးလုံးမှာ
ဖြည်စရာကြိုးစရှာမရလိုက်ဘူး……………..

သိမ်းထုပ်ထားလိုက်ရုံနဲ့တင်
ရနံ့တွေမပြယ်တော့ဘူးဆို
နေ့တွေညတွေလည်းမလိုပါဘူးကွယ်……….

ကမ္ဘာပေါ်မှာ
ပန်းတွေမပွင့်တော့တဲ့အချိန်ကိုရောက်လာတာတောင်မှ
ကျွန်တော်ကလည်း
ပန်းလေးတစ်ပွင့်အကြောင်းလိုက်လိုက်ပြောပြမိနေဆဲ
မှားပြီးရင်းမှားပြန်တယ်……………..။။။

အိုင်လွယ်ပန်

5 comments:

mgngal said...

ဟေး ကိုအိုင်း ကျနော်ကိုတော့ လာမပြောနဲ့ ဗျ ။ နော့် .. :P
သိမ်းထုပ်ထားလိုက်ရုံနဲ့တင်
ရနံ့တွေမပြယ်တော့ဘူးဆို
နေ့တွေညတွေလည်းမလိုပါဘူး
အဲဒီ စာသားလေး ကြိုက်တယ်ဗျာ။
ခင်မင်လျက်
မောင်ငယ် ။

တင့်ထူးရွှေ said...

တော်ကီတွေ လန်းတယ်ဗျာ၊ မိုက်တယ်
ကမ္ဘာပေါ်မှာ
ပန်းတွေမပွင့်တော့တဲ့အချိန်ကိုရောက်လာတာတောင်မှ
ကျွန်တော်ကလည်း
ပန်းလေးတစ်ပွင့်အကြောင်းလိုက်လိုက်ပြောပြမိနေဆဲ
မှားပြီးရင်းမှားပြန်တယ်..။

HAPPY CLOUD said...

သိမ်းထုပ်ထားလိုက်ရုံနဲ့တင်
ရနံ့တွေမပြယ်တော့ဘူးဆို
နေ့တွေညတွေလည်းမလိုပါဘူးကွယ်…

ညက်တယ်နော်.. နှစ်ယောက်လုံး အရေးကောင်းကြပါလားဗျ ...ဟမ်း)
ခင်မင်လျက်
(မိုးမောင်)

Moe Myint Tane said...

ကိုအိုင်ရေ တကယ်ကောင်းတယ်ဗျာ။ အခုကဗျာလေးက ရင်ကို တည့်တည့်ထိတယ်ဗျာ။ ကျွန်တော်လည်း မှားပြီးရင်း မှားနေဆဲပါဘဲဗျာ။

thihanyein said...

ကမ္ဘာပေါ်မှာ
ပန်းတွေမပွင့်တော့တဲ့အချိန်ကိုရောက်လာတာတောင်မှ
ကျွန်တော်ကလည်း
ပန်းလေးတစ်ပွင့်အကြောင်းလိုက်လိုက်ပြောပြမိနေဆဲ
မှားပြီးရင်းမှားပြန်တယ်……………..။။။
ကောင်းတယ်ဗျာ ဘယ်လိုပြောရမှန်းကိုမသိဘူး
ကောင်းလိုက်တာ