ပူဖောင်းလေးများ


ထွက်လာခဲ့
ပါမလာတာတွေကို
တင်းပြည့်ကျပ်ပြည့်ဆုပ်
ပြောင်းပြန်ကြီးမိုးချုပ်ကြတယ်……………….

ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့်………………..

အချိန်စေ့လို့သာပြန်သွားကြ
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…………………….။။။

အိုင်လွယ်ပန်


8 comments:

ရွာသားလေးဝိုင်တီယူ said...

ကောင်းလိုက်တဲ့ သံဝေဂလေးဗျာ....

လင်းဒီပ said...

ဇာတိ ဇရာ ဗျာတိ မရဏ...
ဒါပါပဲလေ...
ပြီးပြီဆိုရင် ဘာမှကိုမကျန်တော့ဘူး..

မောင်မျိုး said...

သေချာဖတ်တော့မှ သဘောပေါက်တယ် တရားသဘောနဲ့  လူသားတစ်ယောက်ရဲ့အကြောင်းလေးပဲ သိပ်ကောင်းပါတယ် ကျေးဇူး ကိုအိုင်းးး

တင့်ထူးရွှေ said...

ကောင်းတယ် ကိုအိုင် ရေ၊ အကြိုက်ဆုံးကဗျာထဲမှာ ဒီတစ်ပုဒ်ပါ ထည့်ထားလိုက်ပြီ ။

mgngal said...

ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…။
ဟုတ်ပဗျာ ။ ကောင်းမှုကုသိုလ် ဆိုတာတွေတော့ ယူသွားလို့ ရကောင်းပါ၇ဲ့  ။ :)

Moe Myint Tane said...

ထွက်လာခဲ့
ပါမလာတာတွေကို
တင်းပြည့်ကျပ်ပြည့်ဆုပ်
ပြောင်းပြန်ကြီးမိုးချုပ်ကြတယ်……………….

....................


အချိန်စေ့လို့သာပြန်သွားကြ
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…………………….။။။

ဟုတ်ပါတယ်ဗျာ။ နောက်ဆုံးတော့လည်း တစ်ယောက်ထဲဘဲ သွားရမှာဘဲ။ ဘာကိုမှယူသွားလို့ မရပါဘူးလေ။ ကဗျာလေး ကောင်းတယ်။သံဝေဂ ရစရာလေး။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ကောင်းကင်ကို said...

ကဗျာလေး ကောင်းလိုက်တာဗျာ။

thihanyein said...

ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့်………………..
ကောင်းတယ်ဗျာ