ရည်းစားစာ


တက္ကသီလာအောင်ပြီးတာတောင်မှ
ဘယ်ဘက်ရင်အုံက
စာမတတ်သေးဘူး
ရွက်ကြွေတွေကိုပဲအပင်ပြန်စိုက်နေ
နှလုံးသားနဲ့တိမ်းမူးပြီးတာတောင်
ဒီရတုကလွမ်းကောင်းတုန်း
ဘယ်ဘဝကဝဍ်ကြွေးဖြစ်ဖြစ်ပါ
လောင်မြိုက်ခြင်းထဲတိုးဝင်ရင်း
ရူး……ခဲ့………….
ဒီတော့
တောင်တန်းကျော်မယ် ပင်လယ်ကူးမယ်ဆိုပြီး
စာဖွဲ့မနေတော့ဘူး
ရိုးရိုးလေးပဲချစ်နေမယ်………………….။။။

အိုင်လွယ်ပန်

(မြစ်တစ်စင်းရဲ့ဒိုင်ယာရီ........မှ)

4 comments:

thihanyein said...

ရိုးရိုးလေးပဲချစ်မယ်ဗျာ
ကောင်းလိုက်တဲ့ကဗျာလေး
ကြိုက်တယ်ဆရာရေ

လင်းဒီပ said...

ချစ်ခြင်းတွေ အပြစ်ကင်းကြပါစေ...:P

Unknown said...

တက္ကသီလာအောင်ပြီးတာတောင်မှ
ဘယ်ဘက်ရင်အုံက
စာမတတ်သေးဘူး
ရွက်ကြွေတွေကိုပဲအပင်ပြန်စိုက်နေ
နှလုံးသားနဲ့တိမ်းမူးပြီးတာတောင်
ဒီရတုကလွမ်းကောင်းတုန်း
ကိုအိုင်ကြီး... ဒါလေးမိုက်တယ်...

mgngal said...

ကဗျာကောင်းတွေ စောစောစီးစီး မဖတ်ရတာ နာတယ်ဗျာ။
ရိုးရိုးလေးပဲ ချစ်မယ်တဲ့လား ကိုအိုင်းရ ။ :) ကောင်းတယ်။