ဖြုတ်လိုဦးနှောက်တစ်စုံနဲ့မှောင်သွားတဲ့ကောင်


အမှောင်တွေအများကြီးထဲမှာ
အမှောင်တစ်ခုတလေရဲ့
ပြိုးပြက်လင်းလက်မှုကိုများ
တွေ့လိမ့်မလား………………..

တစ်ချို့လက်လုပ်ပစ္စည်းတွေဈေးကောင်းနေချိန်
တစ်ချို့လက်လုပ်လက်စားဘဝတွေကဈေးကျ
တစ်ချို့ကညမနက်စာငတ်ပြီးချွေးသံတရဲရဲလှုပ်ရှားနေချိန်
တစ်ချို့ကအဲယားကွန်းခန်းထဲဇိမ်နဲ့ထိုင်ပြီးအဆီတွေယစ်
တစ်ချို့ကအိမ်မှာစားဖို့ငါးသေးသေးလေးတွေကိုဝယ်နေချိန်
တစ်ချို့က အိမ်က ပေကပ်ကပ်ခွေးကိုကျွေးဖို့ ဟင်းအမယ်ရှာမရ
အမှောင်တွေများလိုက်ပုံ…………….

သူ့ကုသိုလ်နဲ့သူဖြစ်နေကြတာပါဆိုရင်
ကိုယ့်စိတ်နဲ့ကိုယ်ပဲ
ဖျားနာနေခဲ့မိတာပါ
ခပ်သေးသေးဦးနှောက်တစ်စုံဟာ
အမှောင်တွေအများကြီးထဲမှာ
အမှောင်တစ်ခုတလေရဲ့
ပြိုးပြက်လင်းလက်မှုကိုများ
တွေ့လိမ့်မလားဆိုပြီး
အမှောင်တွေ့တိုင်း
မနေနိုင်မထိုင်နိုင်
ပြေးပြေးကောက်ခဲ့ရင်း
သူကိုယ်တိုင်မှောင်မှန်းမသိမှောင်နေခဲ့…………………….။။။

အိုင်လွယ်ပန်













4 comments:

thihanyein said...

တစ်ချို့လက်လုပ်ပစ္စည်းတွေဈေးကောင်းနေချိန်
တစ်ချို့လက်လုပ်လက်စားဘဝတွေကဈေးကျ
တစ်ချို့ကညမနက်စာငတ်ပြီးချွေးသံတရဲရဲလှုပ်ရှားနေချိန်
တစ်ချို့ကအဲယားကွန်းခန်းထဲဇိမ်နဲ့ထိုင်ပြီးအဆီတွေယစ်
တစ်ချို့ကအိမ်မှာစားဖို့ငါးသေးသေးလေးတွေကိုဝယ်နေချိန်
တစ်ချို့က အိမ်က ပေကပ်ကပ်ခွေးကိုကျွေးဖို့ ဟင်းအမယ်ရှာမရ
အမှောင်တွေများလိုက်ပုံ…………….
တစ်ပိုဒ်လုံးကြိုက်တယ် နှိုင်းယဉ်ထားတာလေးကကောင်းလိုက်တာညီရာ တစ်ကယ်မှန်လိုက်တာ
အမှောင်မှာပြေးကောက်ရင်သတိထားညီလေးရေ...
ခလုတ်တိုက်မိမှာစိုးလို့ပါ ...

mgngal said...

နောက်ဆုံးအပိုဒ်ရဲ့  အရေးအသားကိုတော့ အားကြီးခိုက်
တယ်။ ကဗျာကောင်းတွေ အမြဲဖတ်ရတဲ့ အတွက် ကျေးဇူး
တင်ပါတယ် ကိုအိုင်းရေ ။

လင်းဒီပ said...

အမှောင်တွေလိုက်လိုက်မကောက်နဲ့လေ..
အိမ်ပြန်နောက်ကျနေရင် အရိုက်ခံရဦးမယ်..:P

ညိမ်းညို said...

အမှောင်တွေအများကြီးထဲမှာ
အမှောင်တစ်ခုတလေရဲ့
ပြိုးပြက်လင်းလက်မှုကိုများ
တွေ့လိမ့်မလားဆိုပြီး
အမှောင်တွေ့တိုင်း
မနေနိုင်မထိုင်နိုင်
ပြေးပြေးကောက်ခဲ့ရင်း

အလီလီအထပ်ထပ်ပဲ လုပ်ခဲ့မိပေါ့ညီလေးရေ
ကိုယ်ကိုယ်တိုင်မှောင်သွားစေဦး နောင်တနဲ့ အရှုံးမပေးကြေး :)