တေလေ


လိမ်တာကွလို့ဆိုရအောင်
လိမ်မာပြခဲ့တာလည်းမဟုတ်
ကျိန်စာကကို
အချိန်အခါမကျတည့်တည့်တိုးတယ်……………………

အစရယ်မကြံသေးဘူး
အကျတယ်မမှန်လေတော့
အထကွယ်မမြန်တာမဆန်း……………………………….

အစွဲအလမ်းကြောင့်
အသည်းကျွမ်းရပြီလို့ပဲ
အမြဲတမ်းခပ်ကြောင်ကြောင်အော်နေရမယ့်အပေါက်……..........

ဖြေသိမ့်ခြင်းရေ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင်………………………...။။။

အိုင်လွယ်ပန်












8 comments:

လင်းဒီပ said...

အဲတစ်မျိုးလေးပါလား...ရွတ်လို့ကောင်းပြီး.. ဘုတော တော ထားတဲ့ဟန်...

တင့်ထူးရွှေ said...

ဖြေသိမ့်ခြင်းရေ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင် :)

ညိမ်းညို said...

ကောင်းကွာ

အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင် တဲ့ :P
မိုက်တယ်ညီလေးရေ ဆက်တိုက်ကိုဆွဲနေပါလား
ပျော်ရွှင်ပါစေညီလေးရေ

Anonymous said...

ကောင်းတယ်ဗျာ အားပေးလျက်ပါ

thihanyein said...

ငါ့ညီ...
အစွဲအလမ်းကြောင့်
အသည်းကျွမ်းရပြီလို့ပဲ
အမြဲတမ်းခပ်ကြောင်ကြောင်အော်နေရမယ့်အပေါက်…
ဘယ်အပေါက်လဲ ဟဟ
မိုက်တယ်ကွာ ကဗျာတွေကတော့
လာတုန်းကတော့ ဟိုကဗျာကိုပြန်လာဖတ်တာ နားမလည်သေးလို့ အသစ်တွေ့တော့ အသစ်ကိုဖတ်ပြီးပြန်သွားပြီ ဟဟ

mgngal said...

ကဗျာတွေကတော့ ကောင်းပြီးရင်ကောင်းရင်းပါလား ကိုအိုင် ။ နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင်ဆိုတော့ ကိုအိုင် မျက်နှာကိုတော့ ကြည့်ချင်ရင် ကြည့်ချင်နေဦးမှာပါ ။
အဆင်ပြေပါစေဗျာ ။ :)

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ ကောင်းလှချည်လား။ စကားလုံးကတော့ ပြောင်မြောက်တယ်ဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ခေါင်ခေါင် said...

မကြည့်ချင်တော့ပြန်ဘူးလား.. ကဗျာဆရာရယ်..