အမုန်းမိုးနဲ့ဖွဲ့တဲ့မြစ်


ငိုချင်လျက်လက်တို့သလို
ငွေ့ရည်ဖွဲ့ရွာချလိုက်ပုံများ
တစ်ပေါက်ပြီးတစ်ပေါက်…………

ရင်ကို…..
ဖြန့်ခင်းဖို့သက်သက်စိတ်စောပြီး
ခေါက်သိမ်းခြင်းသင်ရိုးမကျေညက်လိုက်မိသူ………………

ကျေ…နပ်….တယ်
သေချာပြီဆို
အဲဒီမှာပဲ
ငါ့ကိုဆက်မျောပါ……………။။။

အိုင်လွယ်ပန်

7 comments:

တင့်ထူးရွှေ said...

ဘယ်လိုလဲ သေချာပြီတဲ့လား ၊ ကဗျာကောင်းလေးတွေ ရေးတတ်တဲ့ ဘရိုရေ အဆင်ပြေပါစေဗျာ ..။

Han Thit Nyeim said...

တမျိုးလေးပေမယ့် ကောင်းတယ်

mgngal said...

ရင်ကို…..
ဖြန့်ခင်းဖို့သက်သက်စိတ်စောပြီး
ခေါက်သိမ်းခြင်းသင်ရိုးမကျေညက်လိုက်မိသူ
ကြိုက်တယ်ဗျာ စာသားကိုတော့ ။အပျံစားပဲ ။ ဒီလူ လွှတ်ရေးနေပါလား ။ ချဗျာ ကောင်းတယ် ရေးတာရေး ။ :)

thihanyein said...

ညီကငိုသွားပေမယ့်**အကိုကတော့ ပျော်သွားတယ်**
ကဗျာကောင်းတွေတယ်ထွက်ပါလားညီရ***

ခေါင်ခေါင် said...

ကျေနပ်တာ သေချာပြီလား...
ိဒါဆိုလည်း..
စိတ်ကြိုက်သာ .. ဆက်မျောသွားပေတော့....

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ ရေးအားကောင်းလှချည်လား။ ကဗျာကောင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဘဲ။ တစ်ပုဒ်ထက်တစ်ပုဒ်လည်း ကဗျာတွေ အရောင်လက်လာတယ်နော်။ ကဗျာတွေက စကားတွေပြောနေကြတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

လင်းဒီပ said...

အမုန်းမြစ်ထဲမှာ စိတ်ပစ်လက်ပစ် စီးမျောလိုက်တော့မယ်ပေါ့..
ဘာမှ မပူနဲ့ ရှေ့ကျရင် အချစ်ပင်လယ်...
သီးခံရင်း စီးမျောနေလိုက်...