ရင်ဝှက်စကား



အရိပ်
စီးဆင်းသွားတာ
သာကြောင်းမာကြောင်းတောင်
မေးမငေါ့သွား……………….

အဆိပ်
ကျီးထိုးထားတဲ့ ပန်းသီးတစ်လုံးလို
တစ်ပိုင်းတစ်စ ပန်းပုရုပ်လို
မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်လို
လမ်းမတွေက ပုံပျက်ပန်းပျက်………………….

အတိတ်
နေသာသလိုနေပါကွယ်
နင့်နာမည်ကို
အဆင်မပြေကာမှ
ခဏခဏမခေါ်ချင်…………..

အပိတ်
ဂရုစိုက်လွန်းမိတာပါ
တကယ်တမ်းက ပြီးနှင့်ပြီ..................။။။

အိုင်လွယ်ပန်

8 comments:

mgngal said...

အရိပ် ၊ အဆိပ် ၊ အတိတ်၊ အပိတ် တဲ့လားဗျာ ။ ကောင်းလိုက်တဲ့ အတွေးလေး ။ ကိုအိုင်း ကဗျာတွေ ကောင်းတယ်ဗျာ ။

Anonymous said...

ကောင်းတယ်ဗျာ ..အားပေးလျက်ပါ
အဆင်ပြေပါစေ

တင့်ထူးရွှေ said...

ဟေ့လူ တကယ်ကောင်းတဲ့ ကဗျာလေးဗျာ၊ အကြိုက်ဆုံးထဲမှာ တစ်ပုဒ်ထပ်တိုးပြီ :) :D

mirror said...

မေးမငေါ့သွား....
အဲ့ဒိစကားလုံးလေးသိပ်လှတယ်..
တစ်ပုဒ်လုံးကိုလေးနက်စွာခံစားသွားတယ်

ခင်မင်လျက်
Mirror

လင်းဒီပ said...

ဆက်တိုက်ကို အန်ထုတ်နေတော့တာပဲ...
ရင်ထဲဝှက်ထားတော့ နည်းနည်းတော့ ဖြည်ရခက်တယ်..
တဝက်တပျက်ပဲ ပေါ်တယ်

thihanyein said...

ညီလေးရေ...ဒီကဗျာတော့ လိုက်မမှီဘူး...ဖြစ်နိုင်ရင်နည်းနည်းရှင်းပြဦး...သေချာတာ
တစ်ခုတော့နားလည်လိုက်တယ်...ကဗျာက ဒါ ဆိုရင် ကဗျာဆရာက ဟိုဟာလုပ်တတ်တယ်ဆိုတာပဲ... ဟေဟေ....ဆရာစိုင်းဝင်းမြင့်စကားညီလေးရေ ဟားဟား

ညိမ်းညို said...

ဒီကဗျာတအားကြိုက်တယ်ညီလေးရေ

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ ဒီကဗျာတော်တော်ကြိုက်တယ်ဗျာ။ အိုင်ဒီယာကို လုံးဝချီးကျူးတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်