ဆန္ဒတွေ ... လွင့်နေတယ် ... မပြီးသေးခင်

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
မျက်လုံးများကပြောသောစကား
နားနှင့်ဆတ်ဆတ်ကြားလိုက်သည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ …………….

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
သေလွန်ပြီးသောအခါမှ လူပေါင်းများစွာတသသဖြစ်ကြသော
လူပေါင်းမှာစွာရှိခဲ့ကြသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ ………………

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
အစွဲအလမ်းကြီးချင်ယောင်ဆောင်သောအခါ
တစ်ကယ်စွဲလမ်းသည်ထက် ပိုပင်ပန်းပါသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ…………………..

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
အလွန်လွယ်ကူမြန်ဆန်သော ဆက်သွယ်မှုနည်းပညာဖြင့်
ခောတ်အတွင်းမှလူများ စကားပြောနေကြသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ …………………………

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
မည်သို့မှ အဆင်မပြေကြသောအခါ အဆင်မပြေမှုသည်
ကိုယ့်ဆီသို့သာ ရွေးရွေးပြီး လာသယောင်ထင်ရသည်
ချုပ်နှောင်မှုများထဲတွင်…မနေချင်ပါ ………………………………

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
ကိုယ့်မြင်းကိုယ်စိုင်းသော်လည်း ကိုယ်ရောက်ချင်ရာ
ရောက်ချင်မှရောက်ပါသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ……………………………….

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
အရက်၏ အကျိုးအပြစ်အား မူးမူးနှင့်ပြောသောအခါ
ပိုပြီး အာရွှင်ပါသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ……………………………

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
တစ်ချို့သောမိန်းမများ၏ အပြုံးသည်
တစ်ချို့သော ယောက်ျားများ၏ သေမိန့်ဖြစ်ပါသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ………………………………….

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
အချစ်ဆိုသော ဝေါဟာရမှာ တစ်ခါတစ်ရံ မေးခွန်းဖြစ်၍
တစ်ခါတစ်ရံ အဖြေဖြစ်ပါသည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ…………………………………...

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
ခံစားမှုအားအင် များသောအခါ
အိပ်မက်များ တင်းပြည့်ကျပ်ပြည့် ရှိလှပါသည်
ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ……………………………

ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ
နားလည်မှုဆိုသော စကားလုံးသည်
ချစ်သူတစ်ယောက်နှင့်တစ်ယောက်အကြား ရေပန်းစားလှပါသည်
ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ……………………………..

ချုပ်နှောင်မှုများထဲတွင် …. မနေချင်ပါ
ငပိရည်နှင့် ဝေးနေသူများအဖို့
ငပိရည်မှာ တပ်မက်စာတစ်ခွက်ဖြစ်နိုင်ပါသည်
ချုပ်နှောင်မှုများထဲတွင် …မနေချင်ပါ………………………………….

ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ
မိုးမှာ တိတ်သွားခဲ့သော်လည်း
မိုးရနံ့များ ကြွင်းကျန်နေရစ်တတ်ပါသည်
ဆန္ဒသက်သက်သာဆိုစေဦးတော့
ဆန္ဒအတိုင်းအတာလောက်တော့
အကျိုးသက်ရောက်ပါလိမ့်မည်
ချုပ်နှောင်မှုများထဲတွင် … မနေချင်ပါ …………………………..။။။


အိုင်လွယ်ပန်

11 comments:

Anonymous said...

ကဗျာက ရှယ်ပဲ ကိုအိုင်းရေ့
“အရက်၏ အကျိုးအပြစ်အား မူးမူးနှင့်ပြောသောအခါ
ပိုပြီး အာရွှင်ပါသည် ” လက်တွေ လက်တွေ့  စမ်းသပ်ဖူးတယ် ။

“တစ်ချို့သောမိန်းမများ၏ အပြုံးသည်
တစ်ချို့သော ယောက်ျားများ၏ သေမိန့်ဖြစ်ပါသည်“ ဒါလည်းဖြစ်နိုင်တာပဲ ကြုံချင်ဘူးး)

ချုပ်နှောင်မှုများထဲတွင် … မနေချင်ဘူးး

Kaung Kin Ko said...

အတွေးတွေ ကောင်းတယ်ဗျာ။

Eaindra said...

သေချာတာပေါ့.....

ချုပ်နှောင်..တယ်ဆိုတာ...

စကားလုံးချည်းရွတ်ကြည့်ရင်တောင်တော်တော်မွန်းကြပ်
ချင်စရာပါ..

တစ်ချို့အခြေအနေတွေမှာ...ကြ

(ကိုယ့်စိတ်အခံ ပေါ်လိုက်ပြီး...)

ချုပ်နှောင်မှုဆိုတာ..........ကပဲ


ယစ်မူးချင်စရာတွေ ဖြစ်ချင်ဖြစ်နေတတ်ပြန်တယ်။

တွေးတတ် ရေးတတ်တာလေးကို..

လေးစားစွာ ၊ ခင်မင်စွာ

အိန္ဒြာ

Moe Myint Tane said...

ချုပ်နှောင်မှုများထဲတွင် မနေချင်ပါ...

တစ်ခါတစ်ခါ ကျတော့ ချုပ်နှောင်တယ်ဆိုတာထက် လူတွေက ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ပစ်လိုက်ကြပြန်ရော.. အတွေးလေးကို သဘောကျတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Anonymous said...

“တစ်ချို့သောမိန်းမများ၏ အပြုံးသည်
တစ်ချို့သော ယောက်ျားများ၏ သေမိန့်ဖြစ်ပါသည်
ကောင်းတယ်ဗျို့ ကြိုက်တယ် အားပေးလျက်ပါ
အဆင်ပြေပါစေဗျာ

တင့်ထူးရွှေ said...

အရင်ရေးခဲ့တဲ့ ကဗျာတွေနဲ့ နဲနဲကွဲတယ်နော် ၊ ကဗျာရှည်ကောင်းလေးတစ်ပုဒ်ပဲ ဘရိုရေ ၊ အတွေးလဲ ကောင်း အရေးလဲကောင်း :)

mgngal said...

ဝူး ဂွတ်တယ်ဗျာ ။
စကားလုံးတွေ ပြောက်မြောက်လှချည်လား ။ ရွေးထားတဲ့
အကြောင်းအ၇ာတွေလည်းကောင်းတယ် ။အမှန်တွေပဲ ။ :)

thihanyein said...

စာအပိုဒ်တိုင်းကိုကြိုက်တယ်ကွာ မိုက်တယ်ညီ
အကုန်ပြန်ရေးပေးလိုက်ရင် ရှည်သွားမှာစိုလို့
အကုန်ကြိုက်တယ် ဘယ်နေရာမှ မပြောင်းဘူး
ဂွတ်တယ်ကွာ အထူးသဖြင့် ကဗျာဆ၇ာ
တွေကိုတင်စားထားတာလေး ကောင်းတယ်
အကိုက ကဗျာဆရာတွေကိုလေးစားတယ်ညီရ

ခေါင်ခေါင် said...

မနေချင်ဘူး..ချုပ်နှောင်မှုများထဲမှာ မနေချင်ဘူး.. အတွေးလေးတွေ အရမ်းကောင်းတယ်..

လင်းဒီပ said...

အားပါး..တယ် လုပ်ထားပါလား...
ကိုအိုင်ရေ..ချုပ်နှောင်မှုတွေကတော့ တစ်ဘဝလုံးကို
တုတ်နှောင်နေတော့တာလေ...

HAPPY CLOUD said...

ကောင်းလှချည်လား ဆရာအိုင်ရယ်...
ဆရာ ၀ တစ် ၀ လေးက တော်ချုပ်သလားဗျ..
ဖိုးမောင်