အနာ (၂)

လှုပ်လှုပ်ရှားရှား
သွားသွားလာလာနဲ့ပါပဲ
ကြာလာတော့လည်း
သူ့အိုးနဲ့သူ့ဆန်
သူ့အံနဲ့သူ နေသားကိုကျလို့ …………………….

ရင်ရဲ့ အစနေရာမှာပဲ
အပြီးသတ်ထိ
တိုးတိုး တိတ်တိတ် မြုံသွားခဲ့ပုံ ………………………။။။

အိုင်လွယ်ပန်

6 comments:

emayarKhin said...

မပြောပါနဲ့တော့.........
တနေ့နေ့တော့အနာတွေပြန်ကောင်းလာမှာပါ......
ဆေးကိုသာမှန်မှန်ထည့်ဖို့စိတ်မပျက်နဲ့.......

တင့်ထူးရွှေ said...

တိုးတိုးတိတ်တိတ်လေးပဲလား ဘရိုရေ ၊ တကယ်ကို မြုံသွားခဲ့တာပါ :)

Anonymous said...

သူ့အိုးနဲ့သူ့ဆန်
သူ့အံနဲ့သူ နေသားကိုကျလို့ …

အဆုံးသတ်မှာ တိတ်၂လေးမြုံသွားတာတော့ နာတယ်ဗျာ.......။

Kaung Kin Ko said...

ကဗျာကတိုတိုလေးနဲ့ အဓိပါယ် လေးနက်ပြီး စကားလုံးတွေ ထိမိတယ်ဗျာ။

mgngal said...

အဲ ဒီလိုတွေလား သူတို့ က ။ ကဗျာလေး ထိတယ်။

thihanyein said...

ညင်ညင်သာသာလေးပေါ့ညီ ဟုတ်လား