ဇောက်ထိုးကောင်

အရာဝတ္ထုတွေက ငြိမ်သက်လို့
လမ်းတွေကလှုပ်ရှားနေ
သန့်စင်စေဖို့ သက်သက်အတွက်
ရေချိုးတွေမှားချင်မှားမယ်
အသားကျစေဖို့ သက်သက်အတွက်
ခေါက်ရိုးတွေကျိုးချင်ကျိုးမယ်
အလှမ်းကျယ်စေဖို့ သက်သက်အတွက်
ကွပ်လပ်တွေများချင်များမယ်
ဘယ်အကြွေးအတွက်
ဘယ်အတိုးကဘယ်လောက်
တောင်းပြီဟေ့ဆိုကာမှပြောပြပါ ……………..

ပွန်းတစ်လုံးအတွက်
ဘုရင်မထိုးကျွေးလိုက်တဲ့
စစ်တုရင်တစ်ပွဲ
ဘယ်လိုပေါက်တတ်ကရ
အဘိဓာန်မျိုးနဲ့ပဲလာလာ
( ကျေနပ်နေသမျှ )
ခြေထောက်အောက်မှာ
ကောင်းကင်ရှိတယ် …………………………………..။။။

အိုင်လွယ်ပန်

7 comments:

Anonymous said...

ဘယ်အကြွေးအတွက်
ဘယ်အတိုးကဘယ်လောက်
တောင်းပြီဟေ့ဆိုကာမှပြောပြပါ …

အင်းး...လာတောင်းတော့ ပြောပြမယ် ဟဟားး ရေးချက်တွေကတော့လေ ချစ်တီးးးတောင်မနေရး)

Anonymous said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ် ဗျာ အဆင်ပြေပါစေ

တင့်ထူးရွှေ said...

ဇောက်ထိုးကြီး ဖြစ်နေတယ်ပေါ့ ....ခြေထောက်အောက်မှာ ကောင်းကင်ရှိတယ်ဆိုတော့ .. ကောင်းပ ဘရိုရာ :P

လင်းဒီပ said...

ဟုတ်ပါပြီ ဇောက်ထိုးကောင်ရယ်..ခြေထောက်အောက်မှာ ကောင်းကင်ရှိပါတယ်..
ယုံကြည် ရဲရင့် ဖြတ်သန်းရဲတဲ့အခါ...

mgngal said...

ဇောင်ထိုးကဗျာကို ဇောက်ထိုးဖတ်တော့ အတည့်ဖြစ်သွားတယ် ။ကောင်းတဲ့ ရေးချက် ။ တကယ်ဗျ။
ငြိမ်ငြိမ်သက်သက်နဲ့ ကို ဖတ်သွားတယ် ။ ကျေးဇူးတင်တယ်
ဗျာ . ကဗျာကောင်းတွေ အမြဲဖတ်ရလို့ ပါ ။ :)

HAPPY CLOUD said...

ဆရာအိုင်ကတော့ ကဗျာတွေ ရေလယ်လန်းတယ်ဗျာ...
ခြေထောက်အောက်က ကောင်းကင်... တင်စားချက်ကတော့
လွင့်တယ်ဗျာ...
ဖိုးမောင်

thihanyein said...

ကောင်းလိုက်တဲ့ကဗျာလေး မိုက်တယ်ကွာ
ညီရေ ကဗျာတွေက ပြတ်သားနေတာပဲနော်