အနာ (၄)

လိုအပ်မယ်ဆို
ဘဝဆက်တိုင်း
ကြွင်းကျန်ရစ်စေတော့လေ …………………

နှလုံးသားက
မြှားတစ်စင်းရဲ့ဝိသေသကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မြှင့်တင်သွားခဲ့ …………………………

တစ်ခါတစ်ရံ
နူးညံ့သိမ်မွေ့စွာတိုးဝင်လာမှုဟာ
သိပ်ကို ကြမ်းရှတယ် ……………………………………………။။။

အိုင်လွယ်ပန်

7 comments:

mgngal said...

နောက်ဆုံး အပိုဒ်လေးခိုက်သဗျာ။
အနာ ကဗျာတွေ ဖတ်ပြီး ရင်ဘတ်တွေ နာလာပြီ။ :D

U.G.C said...

:)

မောင်မျိုး said...

နုညံ့စွာတိုးဝင်မှုက ကြမ်းရှတယ်လား လှတယ် လှတယ် ။

တင့်ထူးရွှေ said...

အောက်ဆုံးစာကြောင်းလေးဗျို့ ၊ အခိုက်ဆုံးပဲ :)

thihanyein said...

ဘိုတင့်ပြောသလိုပေါ့လေ သိပ်မှန်တာပဲ
တစ်ခါတစ်ရံမှာ နူးညံ့သိမ်မွေ့စွာတိုးဝင်လာမှုဟာ
သိပ်ကို ကြမ်းရှတယ်
အကြိုက်ဆုံးပဲ

ZWE said...

နူးညံ့သိမ်မွေ့မှုတွေ ကြမ်းရှခဲ့တာ..
မြှားတစ်စင်းရဲ့ ၀ိသေသကို..
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မြှင့်တင်ခဲ့လို့ပေါ့..
ဘယ်လိုဘဲဖြစ်ဖြစ် ဘ၀ဆက်တိုင်းတော့ ကြွင်းကျန်ရစ်လိမ့်မယ်...။


ဇွဲရဲရင့်

မောင်ခင်လေး said...

ကဗျာလေး နှစ်သက်မိတယ်ကိုအိုက် :)