ဒါရိုက်တာ

တခင်းလုံးမှာ
ပေါက်ရောက်ရာတွေဝရုန်းသုန်းကား
ရနံ့ အရောင် အထိအတွေ့
လောကရဲ့ ပိုင်းဓါးတွေအောက်
ဘဝတစ်ခုစာ
ပြတ်တောက်လိုက် ပြန်ဆက်လိုက်နဲ့ ………………..

မျှော်လင့်ခြင်းဆိုတာဟာ
တစ်ခါတစ်ရံမှာ
ပေးစာကမ်းစာငံ့လင့်နေတဲ့
သူတောင်းစားတစ်ယောက်ရဲ့
အရည်လဲ့မျက်လုံးလိုမျိုး …………………

စာမျက်နှာတိုင်းမှာ စိတ်ကိုကျင်ကျင်ယူနေရ
အဖုအထစ်တွေ ဖြည်ချနေရ
အစွန်းထွက်တွေရိပ်သိမ်းနေရ
ငါ့မြို့တော်မှာ အလင်းဓါတ်အားနည်းတယ်
ငါ့မြို့တော်မှာပက်ကြားအက်များတယ်
ငါ့မြို့တော်မှာငါနဲ့ငါကြားမှာတောင်နားလည်မှုချို့တဲ့တယ် ………..

ထွန်ယက်တိုင်းမြေမညက်တတ်ဘူး
ပွင့်တဲ့ပန်းတိုင်းမမွှေးတတ်ဘူး
ငါတီးတဲ့ငါ့ဂီတ
ငါကိုယ်တိုင်တောင်ပြန်မကြားနိုင်တော့ရင်
သေချာတယ်
ငါ့နားကိုပိတ်စေခဲ့တာလဲ ငါကိုယ်တိုင်ပဲဖြစ်ခဲ့မှာ ………………..။။။

အိုင်လွယ်ပန်

10 comments:

တင့်ထူးရွှေ said...

မျှော်လင့်ခြင်းဆိုတာဟာ
တစ်ခါတစ်ရံမှာ
ပေးစာကမ်းစာငံ့လင့်နေတဲ့
သူတောင်းစားတစ်ယောက်ရဲ့
အရည်လဲ့မျက်လုံးလိုမျိုး ..
အင်း ...
ဟက်ထိတယ်ဗျာ ။

လင်းဒီပ said...

ကိုယ့်ဘဝကိုယ် ကိုယ်ဒါရိုက်တာလုပ်ပြီး ညွန်ကြားနေခဲ့ရတော့...တခါတလေလည်း မှားယွင်းပေါ့..

ခေါင်ခေါင် said...

မျှော်လင့်ခြင်းဆိုတာဟာ..
တစ်ခါတစ်ရံမှာ
ပေးစာကမ်းစာ ငံ့လင့်နေတဲ့
သူတောင်းစားတစ်ယောက်ရဲ့
အရည်လဲ့မျက်လုံးလိုမျိုး....

စကားလုံးတွေ အပိုအလိုမရှိကွက်တိ...
တစ်ကယ်ရင်ထဲထိပါတယ်...

ဖြိုးငယ် said...

ဒီကဗျာမှာတော့ အကြိုက်ချင်းလာတူနေကြပြီ ....
မျှော်လင့်ခြင်းဆိုတာဟာ
တစ်ခါတစ်ရံမှာ
ပေးစာကမ်းစာငံ့လင့်နေတဲ့
သူတောင်းစားတစ်ယောက်ရဲ့
အရည်လဲ့မျက်လုံးလိုမျိုး ………
ပေါ်လွင်လိုက်တဲ့ စာသားနဲ့အတွေး
လေးစားတယ်ဟေ့

ဆောင်းယွန်းလ said...

ကဗျာအဖွင့်ကနေစပြီးနောက်ဆုံးအပိတ်အထိ
အပိုအလိုမရှိ ကွက်တိကြီးကိုရင်ထဲထိပြီးငြိသွားတာပါ..
ကြိုက်တယ်ညီရေ့...
ခင်မင်လျက်

mgngal said...

မပြောတော့ဘူး ကောင်းတယ်လို့  ။ ဒီထက် သာလွန်ပါတယ် ။

ညိမ်းညို said...

သိပ်ကောင်းတယ်ဆိုတာထက်ကို ပိုပါတယ်ညီရေ

တခု အပူကပ်ရဦးမယ် ဒါရိုက်တာကြီးရေ
မင်းသားလေးဘာလေး မလိုဘူးလားဗျ :P

Kaung Kin Ko said...

မျက်နှာတိုင်းမှာ စိတ်ကိုကျင်ကျင်ယူနေရ
အဖုအထစ်တွေ ဖြည်ချနေရ
အစွန်းထွက်တွေရိပ်သိမ်းနေရ
ငါ့မြို့တော်မှာ အလင်းဓါတ်အားနည်းတယ်
ငါ့မြို့တော်မှာပက်ကြားအက်များတယ်
ငါ့မြို့တော်မှာငါနဲ့ငါကြားမှာတောင်နားလည်မှုချို့တဲ့တယ်

ကြိုက်တယ်ဗျာ။ ခံစားသွားတယ်ဗျို့ ။

Unknown said...

မျှော်လင့်ခြင်းဆိုတာဟာ
တစ်ခါတစ်ရံမှာ
ပေးစာကမ်းစာငံ့လင့်နေတဲ့
သူတောင်းစားတစ်ယောက်ရဲ့
အရည်လဲ့မျက်လုံးလိုမျိုး …………………။

မျက်လုံးတွေတောင် ကြိမ်းစက်သွားတယ်..။ စကားလုံးတွေ က အရောင်တောက်ပလွန်းလို့...။

Unknown said...

ဒါရိုက်တာကြီး ရိုက်ချက်တွေ အရမ်းကောင်းတယ်
လွမ်းခန်းဆွေးခန်းတွေ ပိုကြိုက်တယ် ကျနော်က :P
ကောင်းသောနေ့ပါဗျိုးးးးးးးးး အားလုံးအဆင်ပြေပါစေ..