မြစ်

ဝန်စည်စလယ်တွေများလာတော့
အကျိုးနဲ့အကြောင်းကိုက
နွေဦးရာသီဆန်လာ
ဝေးဝေးသို့ပြေးထွက်စီးဆင်း
ခရီးရှည်သလောက်
မောပန်းနွမ်းခွေကြ သူသူငါငါ ………………..

ရူးသွပ်မှု အိပ်မက်တစ်ခုဆိုတာ
ခင်ဗျားသမိုင်းမှာ
ခင်ဗျားကိုယ်တိုင်ဖွင့်လိုက်ရမဲ့ စာရင်းရှင်
ဒါမှမဟုတ် စာရင်းသေ …………………….

အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …………………………….။။။

အိုင်လွယ်ပန်

16 comments:

လင်းထက် said...

အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ

အင်း အတွေးတွေ အများကြီးပွားစေတဲ့ စကားလုံး အစုအဖွဲ့လေးပါပဲ..။

ATN said...

ဟုတ်ပါ့...
လာလမ်းအတိုင်းပြန်မရတဲ့ မြစ်ဟာ
ကိုယ်တိုင် ဖြစ်နေပါပေါ့...

Anonymous said...

ကဗျာလာဖတ်ပါတယ်ဗျာ ။ ကျွန်တော်တို့ ဆက်စီးကြတာပေါ့ :)

mgngal said...

စားရင်းရှင် စားရင်းသေ သိပ်လှတဲ့  အသုံးလေးပဲဗျာ ။
ကြိုးစားခံစားသွားတယ် ကိုယ့်ဆရာ ။

တင့်ထူးရွှေ said...

အာပါး အရည်ဝင်နေလို့လားမသိဘူး ၊ စကားလုံးတိုင်းက မိုက်နေတယ်ဗျာ ။

ညိမ်းညို said...

အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ

ကျနော် ဒီလိုဖြစ်နေတယ် ကိုအိုင် :)
မချိပြုံးဗျ အဟဲ :)

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ကဗျာလေး...
လာလမ်းအတိုင်း
ပြန်လို့မရတော့တဲ့
မြစ်....ပါဘဲလေ..
ကဗျာကြိုက်တယ်ညီလေးရာ

Anonymous said...

အဲ့...ကျနော်တို့စိတ်ထဲကို ဘယ်လိုလုပ်များသိနေပါလိမ့်

“အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …”

ရိုအီနေတာ တော်တော်ကိုကြာပြီး တစ်ဖြည်းဖြည်းနဲ့ နီးလာသလားလို့း) ကိုညိမ်းညိုကလည်း နေရဲ သေရဲဖို့လိုတယ်ဆိုတော့ ဒီကဗျာဆရာတွေနော် :P

Kaung Kin Ko said...

ရူးသွပ်မှု အိပ်မက်တစ်ခုဆိုတာ
ခင်ဗျားသမိုင်းမှာ
ခင်ဗျားကိုယ်တိုင်ဖွင့်လိုက်ရမဲ့ စာရင်းရှင်
ဒါမှမဟုတ် စာရင်းသေ

ကောင်းလိုက်တာဗျာ။

ခေါင်ခေါင် said...

သေချာတာပေါ့...
လာလမ်းအတိုင်း အတိုင်းလှည့်ပြန်လို့..မရတဲ့..
မြစ်ပါပဲ

Eaindra said...

မြစ်တစ်စင်း
စီးဆင်းလိုက်တဲ့.....ဂီတသံကိုကြားလိုက်ရဲ့

အတွေးလေးကိုရော........
စကားလုံးအခင်းအကျင်းတွေကိုရော......
အလေးပြုသွားပါတယ်..မောင်လေး...

အိန္ဒြာ

chanye` said...

အော်.. ဘ၀ ဘဝ
ကဗျာဖတ်ပြီး လူတောင် မလုပ်ချင်တော့ဘူး ။ သတိလက်လွတ်ဖြစ်နေတာတွေ မီးမောင်းထိုးပြလိုက်တာကိုး ။

တခါတခါကျတော့လည်းဗျာ မသိချင်ယောင်ဆောင်ပြီး မခံစားတာပိုကောင်းတယ်

လင်းဒီပ said...

အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ ……………

ကောင်းလိုက်တဲ့စာသားလေး

Unknown said...

ကိုအိုက်ရေ ကဗျာလေး အရမ်းကြိုက်တယ်
အတွေးလေးကောင်းတယ်ဗျာ ကောင်းသောနေ့ပါ :)

Moe Hlaing Nya said...

မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …………………………….။။။
အဲဒီနေရာလေး က ရင်ဘတ်ထဲကိုတိုက်ရိုက်ထိတယ်အစ်ကို
ကျွန်တော်တို့ပြန်လို့မရတော့ဘူး

Moe Myint Tane said...

ကျိုးကျိုး ပဲ့ပဲ့ တိုက်တိုက် ခိုက်ခိုက် ရင်တစ်စုံ လွင့်ပျက်ခဲ့ရင်တောင် ဆက်စီးကြရတော့မှာပေါ့...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်