ဘာကိုမှမမျှော်လင့်ခဲ့ပါဘူးဆိုပြီး
မျှော်လင့်ချက်ကို ပြန်လိမ်လိုက်မိ
အေးစက်ခြင်းတွေ ကျုံ့ဝင်မသွားစေဖို့
ညတာကိုက ရှည်လွန်းရဲ့
ဒီတစ်ခေါက်လည်း
နေအရောက် နောက်ကျလွန်းလှတယ် …………………။။။
အိုင်လွယ်ပန်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
5 weeks ago




15 comments:
အင်း ကိုအိုက် မိုးမလင်းသေးဘူးအိပ်ဦး အစောကြီးမထနဲ့လေ :P
ဘာကိုမှမမျှော်လင့်ခဲ့ပါဘူးဆိုပြီး
မျှော်လင့်ချက်ကို ပြန်လိမ်လိုက်မိ....
အတွေးလေးကောင်းတယ် ညီလေးရေ..ကြိုက်တယ်
တိုတိုလေးပါ..
ဒါပေမယ့် ရှတနေတယ်...
ကြိုက်တယ်...
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကိုအိုင်ရေ
ကဗျာလာဖတ်တယ်ဗျ
နေကတော့ ခဏတဖြုတ်ပေါ့လေ
နောက်ကျခဲ့တယ် ဆိုတာကိုး
ဒီမှာသာ ဘ၀နဲ့ချီပြီး မှောင်ကုန်တာ
:)
နေရောင်ခြည်ရယ် အားလုံးအတွက် အမြန်သာ လာပါတော့..။
နေအရောက်နောက်ကျပေမယ့် စောင့်နေဆဲ
ကားမမီလို့  ဖြစ်မယ် ။ :P
ကဗျာလေးခံစားသွားတယ်ဗျ ။
ကဗျာလာဖတ်ပါတယ်ဗျာ :)
(အဖြစ်တွေတူကုန်ပလားပဲ )
နေ အရောက်နောက်ကျ
ညတာကရှည်
ရာသီဥတုကဆိုးဝါး...
ဘ၀ တွေ လုံးပါးပါးပြီးရင်းပါး.....
အိုင်လွယ်ရေ...
ကောင်းလိုက်တဲ့ကဗျာ..
အိန္ဒြာ
ဒီတစ်ခေါက်လဲ နေအရောက် နောက်ကျတုန်းပဲဗျာ...။
ကဗျာဆိုတာပဲဗျာ.. အဲဒါပဲ။ အဲဒါပဲ..ကဗျာလို့ခေါ်တာ..
ကောင်းတယ်ဗျို့.
ခင်မင်လေးစားလျက်
မိုးကြယ်
ကိုအိုင်ရေ www.yeinnweipar.blogspot.com ပြန်လင့်ပေးပါဗျာ..
နေအရောက်နောက်ကျတယ်တဲ့လား..
တစ်ဘ၀လုံးမှောင်နေခဲ့ရင်ရော..????
ကိုအိုက်ရေ...
အခုကော ဘယ်လိုလဲဗျ ... နေပြန် လင်းပြီလား...
အဆင်ပြေပါစေဗျာ...
connection ကြောင့်ထင်တယ်...cbox မတွေ့ဘူး
လုံးဝ အလန်းပဲဗျို့ ၊ ကဗျာလေးဖတ်ရင်း အားရပါးရ ကို လွမ်းမိလိုက်တယ် ၊ ဖြစ်တယ်ဟုတ် :)
အကိုရာ တို က်ဆိုင်လို က်တာ... ဒီ ကဗျာလေးနဲ့ ..။
ကော်ပီလေး ကူး သွားတယ်အကို ရာ .. ကျေနပ်မယ်ထင် ပါတရ်..။
Post a Comment