လွင်တီးခေါင်

လင်းလက်စူးမြနေစရာမလိုပါဘူး
ခပ်အုံ့အုံ့ဖြစ်တည်မှုဟာလည်း အိပ်မက်ပါပဲ …………………

အကောင်ထင်စေလိုတဲ့ဆန္ဒတွေနဲ့ဆို
ပြနေတဲ့အရိပ်တွေ ရုပ်သိမ်းပေးပါ
အရိပ်ကို အရိပ်ဆန်ဆန်ပဲထုံမွှမ်းပစ်လိုက်ဖို့
နှလုံးသားကခေါက်ရိုးကျိုးပြီးသား ……………………….

ဘယ်မိုးကိုမှ
မမျှော်ကိုးတော့တဲ့နောက်မှာ
ဘဝဟာ ဘဝပိုဆန်သွားခဲ့တယ် ……………………..။။။

အိုင်လွယ်ပန်

13 comments:

mgngal said...

အကောင်ထင်လိုတဲ့ဆန္ဒတွေနဲ့ဆို
ပြနေတဲ့အရိပ်တွေ ရုပ်သိမ်းပေးပါ
လန်းတယ်ဗျာ ဒီစာသားလေး ။ ကဗျာတွေ လွှတ်ကောင်းပဲ ။ ခံတွင်းတွေ့ တယ် ။
ကိုအိုင် ခြောက်သွေ့ နေဆဲလားဗျ ။း)

လင်းထက် said...

ဒုတိယ အပိုဒ်လေးကို အကြိုက်ဆုံး ...

ရိုးမြင့်အောင် said...

ဘယ်မိုးမှ မမျှော်ကိုးဘူးဆိုပါလား...။ မမျှော်ကိုးနဲ့ဗျာ... အဲဒီအချိန်မှာ ဘဝက ဘဝပိုဆန်လာမယ်...။ ဂွတ်ထပဲ.... နောက်ဆုံးပိုဒ်ကို ပိုသဘောကျတယ်... :) :D

ဆောင်းယွန်းလ said...

တစ်ပုဒ်လုံးကိုကြိုက်တယ်ညီလေးရာ..
တွေးထာတာကော ရေးထားတာပါကောင်းနေတဲ့ကဗျာတစ်ပုဒ်ပါ..
လွင်တီးခေါင်ကြီးတော့မဖြစ်စေနဲ့ပေါ့ညီလေးရာ..

Moe Myint Tane said...

ဘယ်မိုးကိုမှ
မမျှော်ကိုးတော့တဲ့နောက်မှာ
ဘဝဟာ ဘဝပိုဆန်သွားခဲ့တယ် ……………………..။။။

ဆရာပြောသလိုဆို ကျွန်တော်လည်း ဘ၀ပိုဆန်သွားပြီ။
မမျှော်ကိုးဘူးဆိုတာထက် မျှော်ကိုးစရာကို မရှိတော့တာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

ဘယ်မိုးမှ မကျန်တော့ပါဘူး...
ကိုယ့်ဒဏ်ရာလေးကို အသာကုရင်း ဘဝဆန်နေရတာပေါ့

ညိမ်းညို said...

လွင်တီးခေါင်ဆိုတော့ တံလျှပ်တွေ ကျက်စားတတ်တယ်ဗျာ

'ဘယ်မိုးကိုမှ
မမျှော်ကိုးတော့တဲ့နောက်မှာ
ဘဝဟာ ဘဝပိုဆန်သွားခဲ့တယ်'

အဲဒါ အနှစ်ချုပ်ပါပဲ ကိုအိုင်ရေ :)

အိန္ဒြာ said...

ဘယ်မိုးကိုမှမမျှော်လင့်တဲ့နောက်...

ကိုယ့်ဘာသာတိမ်တွေဆင်..
ကိုယ့်ဘာသာရွာသွန်းကြတာပေါ့ မောင်လေး...

လေးစားခင်မင်စွာ

အိန္ဒြာ

Unknown said...

ကဗျာလေး ကြိုက်တယ်ဗျာ ခေါင်းစဉ်ပေးထားတာကစ လိုက်ဖတ်လွန်းတယ် ခံစားသွားတယ် ကိုအိုင် ကောင်းသောနေ့ :)

တင့်ထူးရွှေ said...

ဖလန်းဖလန်းထ နေတာပဲ :P

HAPPY CLOUD said...

အကိုတော့ ဘ၀မဆန်သေးဘူးကွာ... မုတ်သုံတွေ ကိုလွမ်းနေတတ်လို့ညီရေ...
ဖိုးမောင်

သက်ထွန်းညိမ်း said...

ဘယ်မိုးကိုမှ
မမျှော်ကိုးတော့တဲ့နောက်မှာ
ဘဝဟာ ဘဝပိုဆန်သွားခဲ့တယ်
အချစ် အလွမ်းကင်းတဲ့
ဘ၀ဟာ
အလိုလိုလက်တွေ့ဆန်သွားတတ်တယ်
ကဗျာလေးကောင်းတယ်...

သက်ထွန်းညိမ်း

pandora said...

ဒီကဗျာကို တော်တော်ကြိုက်တယ်