ပင်ယံထက်က
ပန်းကြွေကျမှ
နမ်းရပါလျှင်
ဖြူစင်ပေသည်
မျှော်ရည်ချိန်မှာ
လိပ်ပြာတစ်ကောင်
ငါ့အားလှောင်လျှက်
လိုချင်ရမ္မက်
တပ်မက်စိတ်ထား
နမ်းရှိုက်သွားလည်း
စောင့်မျှော်ဆဲပါ
ထိုပန်းကြွေကာကျလာမည့်အချိန် ………………………။။။
(အဟောင်းလေးပါ …..သူငယ်ချင်း “ဥာဏ” ပေးခဲ့တဲ့ အိုင်ဒီယာပါ )
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
13 comments:
ကို အိုင် လည်ပင်းကြီးလည်းရှည်လာဦးမယ်နော :)
ကဗျာလေးခံစားသွားတယ် ကောင်းသောနေ့ပါ ကိုအိုင် :)
ပန်းကလေးက လိပ်ပြာရဲ့ အနမ်း မခံပဲ ကိုယ့်လက်ထဲ ကို သူကိုယ်တိုင် ချွေချ ကြွေကျ လာခဲ့ ရင်တော့ ကိုယ်တစ်ယောက်ထဲ နမ်းခွင့် ရမှာပေါ့ နော်..
ကဗျာလာဖတ်သွားတယ်နော်။
ကဗျာကောင်းတယ်ညီလေး
ရေမရောတဲ့ မေတ္တာစစ်စစ်ကြီးပါဘဲ..
အနုလေး ကောင်းတယ် ကိုအိုက်
မလုပ်နဲ့လေ..မစောင့်နဲ့တော့ လိပ်ပြာတွေက လွယ်တာမဟုတ်ဘူး..:P
ဒါတွေကြောင့်လဲ မခွဲနိုင်တဲ့သူတွေက မခွဲနိုင်မခွာရက်တွေ ဖြစ်နေပေသကိုး :P
ကောင်းတယ်ဆိုတာတော့ ပြောစရာမလိုတော့ဘူးထင်ပါ တယ်...။
ဟိုက်ရှာလဘတ် အချစ်သူရဲကောင်းပေပဲ ။ ကဗျာလေး တယ်နု ။
ကြိုက်တယ်ဗျ ။း)
ကိုယ့်လူ တယ်နုနေပါလား... စောင့်မျှော်ရင်း လည်ပင်းရှည်ထွက်လာဦးမယ်... အဟတ်ဟတ်... ဂွတ်ထပဲ... အကြွေစဉ်လေး... :D
ပန်းလေးရေ မြန်မြန်ကြွေပါတော့။
ကဗျာဆရာ လည်ပင်းရှည်တော့မယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကိုအိုင်ရေ တယ်နုနေပါလားဗျ :)
အချစ်ကဗျာလေးတွေရေးတော့လဲ မိုက်တာပဲ
အားကျတယ်ဗျို့ :)
ကောင်းတယ်လို့ပဲ ပြောစရာရှိတော့တယ်ဗျာ
ဒီ ကောင်လေး အကြိုက်ဆုံး ပဲ
အသစ် တွေထဲမှာ...။
အဟောင်းဆို ပေ မယ့် ကောင်းနေဆဲ ပါပဲလား ဗျာ...။
Post a Comment