လဘ္ဘက်ရည်ဆိုင်

အဲဒီယိုင်နဲ့နဲ့ဆိုင်လေးထဲ
စကားလုံးတွေ
လှိမ့်လှိမ့်ပြီးဝင်လာ
စကားလုံးတွေဟာ
စကားလုံးယောင်ဆောင်လို့ လှိမ့်လှိမ့်ပြီးဝင်လာ ………………….

အခါခါဆူပေးလိုက်ရတဲ့ရေနွေးအိုးလို
စကားလုံးတွေဟာထည်လဲ
စကားလုံးတွေဟာအသွင်ပြောင်း လှိမ့်လှိမ့်ပြီးဝင်လာ ………………..

မစဲတဲ့မိုးလို စကားလုံးတွေဟာသည်းတယ်
မာသာထရီစာ
ပီကာဆို
ဆင်မြူရယ်ဘက်ကက် ကအစ
ဘင်လာဒင်
ဘရက်ပစ်စ်
ဒေးဗစ်ဘက်ခမ်း အဆုံး
ကမ္ဘာကျော် စကားလုံးတွေ လှိမ့်လှိမ့်ပြီးဝင်လာ ……………..

စကားလုံးတွေဟာ
တန်ဖိုးနည်းတဲ့ ငွေစက္ကူလိုဖောင်းပွလိုဖောင်းပွ
ကမ္ဘာ့ရွာကြီးကို ခွက်ထဲထည့်ဖျော်ပစ်လိုပစ်
အရသာမျိုးစုံ အသွင်မျိုးစုံနဲ့
ကူးသန်းမှုခြင်း ဖလှယ်လိုဖလှယ်
စကားလုံးတွေထဲမှာ
မယ်မြင့်ရဲ့အကြော်က အရင်လို စားသူမများ
ဦးချမ်းသာရဲ့ ကြောင်ကလေးက ပျောက်သွား
ဂျာနယ်တွေ အရောင်းကောင်း
ဒါနဲ့… ဒီနေ့ဘာတစ်လုံးကောင်းလဲ
စကားလုံးတွေ လှိမ့်လှိမ့်ပြီးဝင်လာ ………………..

စကားလုံးတွေဟာ ဧည့်ခံပွဲကျင်းပ
ဘူဖေးစနစ်နဲ့ ကြိုက်ရာရွေးစားကြဖို့
လိုအပ်သလောက်ခပ်ယူကြဖို့
လိုအပ်သည်ထက် ပိုလျှံခပ်ယူကြဖို့
နေ့ဖို့ညစာချန်ကြဖို့
သိမ်းထုပ်ကြ လွှင့်ပစ်ကြဖို့
စကားလုံးတွေ လှိမ့်လှိမ့်ဝင်လာ ………………

ဒီယိုင်နဲ့နဲ့ဆိုင်လေးရဲ့
စကားလုံးတွေကြား
အရင်လိုဝင်ရောက် တောင်းယမ်းနေကျ
သူတောင်းစားတစ်ယောက်
ရက်ရာဇာတွေပျောက်စွာ
မောင်းထုတ်နှောက်ယှက်တာ ခံလိုက်ရတယ်
စကားလုံးတွေကတော့ လှိမ့်လှိမ့်ပြီးဝင်လာ …………………………..။။။

အိုင်လွယ်ပန်

15 comments:

ကိုရင်ညိန်း said...

ဖတ်ဖူးတဲ့ “လေထန်ကုန်း” ဆိုတဲ့ကဗျာထဲက
တစ်ကြောင်းကိုတောင် သတိရ
မိသေးတယ်ဗျာ ။
( အဲဒီမှာ ကမ္ဘာကြီး ရှိတယ်) တဲ့
အဲဒါ မြန်မာပြည်က လ္ဘက်ရည်ဆိုင်ပဲ ..
လွမ်းလိုက်တာဗျာ ..
အဟေးဟေး

Unknown said...

လဘ္ဘက်ရည်ဆိုင်ထဲ ကိုလှိမ့်လှိမ့်ပြီး ၀င်လာ မောင်ခင်လေးတစ်ယောက် လှိမ့်လှိမ့်ပြီး ၀င်လာ ပြီးတော့
လှိမ့်လှိမ့်ပြီး ပိုက်ဆံထုတ်ရှင်းတော့ စားပွဲထိုးလေးက လှိမ့်လှိမ့်လေး ယူသွား ကောင်တာထဲက ငွေစက္ကူတွေ လှိမ့်လှိမ့်ပြီးထွက်လာ မောင်ခင်လေးက လှိမ့်လှိမ့်လေးယူပြီး
လှိမ့်လှိမ့်လေး ပြန်ထွက်သွားတယ်ဗျာ :)
ကောင်းသောနေ့ပါ ကိုအိုင်ရေ လဘ္ဘက်ရည်တွေ တစ်ကြိုက်
ကြီး ကိုင်းခွက်နဲ့ကို မော့သွားတယ် လှိမ့်လှိမ့်ပြီးတော့ :)

ညိမ်းညို said...

ကိုအိုင်ရဲ့ လှိမ့်လှိမ့်ပြီးဝင်လာတဲ့ စကားလုံးတွေကို
လှိမ့်လှိမ့်ပြီး ဖတ်သွားတယ်ဗျ :P

mgngal said...

ကျဆိမ့် တစ်ခွက် ၊ လန်ဒန် ချပါဦး ညီလေး ။ ညကလေ တစ်ပြတ်နဲ့  ။ မထည့်လိုက်ရတာ နာတယ်ကွာ ။ ကဗျာတွေ ခိုးကူးနေကြတယ်တဲ့ ။ မိုက်ဘူးကွ ။ အင်း ။ ဘာ ကုန်ပြီ ဟုတ်လား ။ အင်း ဖြစ်နေကြပဲလေ ဒီမှာက ။ မောင်က ပြောတယ် ဆိုတဲ့ ကဗျာ ။ အင်း သိတယ် ကိုအိုင် ဆွဲလဲ ဟုတ်ဘူး ခေါင်းလောင်းလေး လေ ။ အကြမ်းရေ လုပ်ပါဦး ။ လ္ဖက်ခြောက် ဈေးကျ ။ ကိုက်တာပေါ့ ။ အဖျော် ယမကာတွေ အခွန်တံဆိပ်ကပ်ရမယ် ။ နိုင်င့ရေး ၊ ရွှေဈေး ။ ဖမ်းကွာ ကြာတယ် ။ လုပ်ပါနဲ့ ဟ ။ ဟားဟား အာတောင်ခြောက်တယ် ။ ရှင်းမယ် ။ ၁၃၀၀ ။ ဟေ ။ရေနွေးဖိုး ၁၀၀ ကြောင့်ပါ အစ်ကို ၁၃၀၀ ဖြစ်သွားတာ ။

လှိမ့်လှိမ့်ပြီး ကွန့် သွားတယ် ။ ကဗျာက အဲလို လှိမ့်လှိမ့်ရေးချင်စိတ်ပေါက်အောင် ကောင်းတာကိုး ။း)

MANORHARY said...

နေမျိုး ရဲ့ သဘောင်္ ကိုသွားသတိရတယ်။

Anonymous said...

လက်ဖက်ရည်ဆိုင်ထဲက လှိမ့်၂ပြီးဝင်လာကြတာ ဖတ်လို့ကောင်းပါ့ ။ ကိုအိုင်းရေ့ စီအက် 2 ဆိုင်ကထဲကတော့ တိုးတိုးပြီးဝင်ပြီးတော့ ငြင်းနေလိုက်ကြတား)

စကားလုံးတွေကြား
အရင်လိုဝင်ရောက် တောင်းယမ်းနေကျ
သူတောင်းစားတစ်ယောက်
ရက်ရာဇာတွေပျောက်စွာ
မောင်းထုတ်နှောက်ယှက်တာ ခံလိုက်ရတယ်

ဒီနေရာလေးကတော့ရင်ထဲမှာ ချိသွားတယ် ။

Moe Myint Tane said...

ကိုအိုင်ရေ ဒီကဗျာလေးတော့ ခိုက်သွားပြီဗျို့။ ကဗျာထဲက ပြောချင်နေတဲ့ အကြောင်းအရာတွေကို လှမ်းမြင်လိုက်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

ကဗျာလေးကိုကြိုက်တယ်..
အဲဒီဆိုင်လေးထဲမှာ စကားလုံးတချို့မပါတာကတော့
ဆိုးတယ်ညီရာ...
ကဗျာထဲမှာမြင်စရာတွေအများကြီးတွေ့သွားပါတယ်..

စိုင်းလောဝ်ပိန်း said...

လက်ဖက်ရည်တစ်ခွက်မှ မပါတဲ့ လဘ္ဘက်ရည်ဆိုင်ပေါ့ဗျာ...
စကားလုံးတွေပဲ သောက်သွားတယ် :) ... လှိမ့်လှိမ့်ဝင်လာပြီး လှိမ့်လှိမ့်ဖတ်သွားတယ်... connection သိပ်မကောင်းလို့ ဗျာ မနည်းလှိမ့်ဝင်လာရတယ် .. :)

ဖြိုးငယ် said...

လက်ဖက်ရည်ဆိုင်တောင် လွမ်းလာသလိုပဲဟေ့ ..
အရေးအသားလေးက ပေါ်လွင်ပါ့ဗျာ

လင်းဒီပ said...

လက်ဖက်ရည်ဆိုင်ထဲ လိမ့်လိမ့်ပြီးဝင်လာတဲ့ စကားလုံးတွေကို လူတစ်ယောက်က ထောင့်ထဲမှာထိုင်ပြီး
ကောက်သင်းကောက်နေလေရဲ့...ဒီလူက..

ညီအကိုများ said...

ကိုအိုင်ရေ လက်ဖက်ရည်ဆိုင်ထဲကကဗျာတစ်ပုဒ်ကို ကောက်နှုတ်ခံစားသွားကြောင်းပါဗျို့..

ခင်မင်လေးစားလျက်
မိုးကြယ်

အိန္ဒြာ said...

အိုင်လွယ်...

ကောင်းလိုက်တဲ့ကဗျာဟာ...
LP နည်းနည်းဆန်လာတယ်
စကားလုံး..အစီးအဆင်းတစ်အားလှတယ်
သွက်တယ်
တိတိကျကျစေ့စ့စပ်စပ်နဲ့အားပါတယ်..
ရွာကမဂ္ဂဇင်းတွေမှာဆို.ပေါက်မယ့် ကဗျာမျိုး..

အိုင်လွယ်ရေ
အားပေးပြီးရင်းအားပေးရင်း

ခင်မင်လေးစားစွာ
အိန္ဒြာ

mgnge said...

အောက် ဆုံးအပိုဒ် လေး ကို ပိုကြိုက်တယ်ဗျာ..။

Unknown said...

ဘလော့ရေးလာ/ ဖတ်လာတဲ့ သက်တမ်းတစ်လျှောက် ပထမဆုံး ဖတ်ခွင့်ရလိုက်တဲ့...။ အကောင်းဆုံး expressionism post modern ကဗျာတစ်ပုဒ်ပဲ..။