မျက်နှာဖုံးများ

သကာဖုံးထားတော့
အခါးက ခဏတဖြုတ်ပျောက်
အပြုံးတု စွက်ပြီး အဇ္ဈတ္တကို ကွယ်ကြတယ် ..............

သဟဇာတကို ဗန်းပြထားတဲ့
မုသားမပါ လကာၤမေခ်ာ ဇာတ္ပါ
တကယ်တမ်းကတော့
သောက်သလောက်ပဲ မူးချင်ခဲ့မိရိုးအမှန် .........................။။။

အိုင်လွယ်ပန်

16 comments:

Anonymous said...

သောက်သလောက်မူးချင်နေပြီလား..ခံစားသွားပါတယ်ဗျာ
အဆင်ပြေပါစေ

လင်းဒီပ said...

သောက်ထားတာထက် ပိုပိုမူးပြနေရတယ်...
ကိုယ်က လင်္ကာချောချင်တာကိုး...

စိုင်းလောဝ်ပိန်း said...

မူးရင် ဘယ်လိုဝင်လို့ ၀င်မှန်းမသိအောင် ပိုသောက်ဖြစ်တယ်ဗျ။ အဲဒါကြောင့် ရေချိန်လွန်လွန်သွားတာ။

ရေချိန်လွန်ရင်တော့ မျက်နှာဖုံးကွာကျလောက်ပါရဲ့

ဆောင်းယွန်းလ said...

သောက်ထားတာထက် ပိုပိုမူးပြနေရတယ်ပေါ့ ....
လကာင်္ချောအောင် တခါတခါလည်း မှောက်ပြလိုက်ရတယ် ညီရေ့

Anonymous said...

မသောက်ပဲ မူးပြပြီး အဖြူထည်ကြီးရစ်နေသူတွေကိုလည်း ကြုံဖူးတယ်း)

ပိုင်ဖြိုးကို said...

ငါ့ကောင်ရေ
သောက်ပြီး မူးကြတဲ့ကောင်တွေကို ငါအခုနားလည်တတ်နေပြီကွာ .... (tk)

အိန္ဒြာ said...

မသောက်ပဲမူးကြတာက
ကဗျာဆရာမတွေ....

တန်းတူ..ယစ်နိုင်တယ်
တန်းတူ..ရစ်နိုင်တယ်...
တန်းတူ..ရမ်းနိုင်တယ်...
ဘလော့ကိုကြည့်လာ..နော်..
ဒီရက်ပိုင်းနည်းနည်းမူးနေတယ်....

Unknown said...

ကိုအိုင် ကြည့်မူး အမူးမတော်ရင် ဖမ်းခံထိမယ်နော
:) မူးနေတယ် ခုတလော ဒီလူကြီး လက်လှမ်းတို့လိုက်ဦး
ဒီတခါသောက်ရင် :P ကောင်းသောနေ့ဗျာ ကိုအိုင် :)

MANORHARY said...

အိန္ဒြာပြောတာကို ထောက်ခံသွားတယ်
မိန်းမတွေကသာမာန်အခြေအနေမှာတင် ရမ် ၃ ပက်စာ
ရှိတယ်တဲ..း)
ကဗျာဆရာမ ဆိုလို့ကတော့ကွယ်
ကိုယ်လည်းရစ်တတ်တယ် ပညာကုန်မသုံးချင်သေးလို့
း)

တင့်ထူးရွှေ said...

သောက်သလောက်ကို မမူးဘူးဖြစ်နေတယ် ၊ လစ်မစ်တွေ တိုးနေပြီ ထင်ပါ့ဗျာ :P

Moe Myint Tane said...

တစ်ခါ တစ်ခါ သောက်သလောက်မမူးတာ တော်တော်ခက်တယ် ကိုအိုင်ရာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

mgngal said...

မျက်နှာဖုံးတွေကတော့ လောကအလယ် အရောင်းသွက်နေဆဲပဲ ကိုယ့်လူ ။ လိုအပ်နေတာကိုးဗျ ။ :D

ခေါင်ခေါင် said...

သောက်သလောက်တော့မူးချင်မှာပါ..
အများကြီးတော့ မသောက်နဲ့ နော်.. အစ်ကို

mgnge said...

သောက်သလောက် သာမူးရမယ်ဆိုရင်
မှောက် တာတောင်နည်းသေးတယ် အပြောခံရဦးမယ်..။
အခုတော့ အရက်တောင် သစ္စမဲ့လို့ 
အပစ် ဒီကာ မချဲ့ ချင်တော့ပါဘူး ကို အကိုရာ

ညီအကိုများ said...

သောက်သလောက်မူးတာတော့မကြုံဘူးသေးဘူး.
ခက်တာကသောက်တိုင်းမူးနေတယ်..ရပ်လို့မရဘူး... :)

ကိုအိုင်ရေအတွေးကောင်းတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

Unknown said...

အခုက သောက်သလောမမူးဘူး ဖြစ်နေတာခက်တယ်။