ဘယ်ကဘယ်လို
အမြစ်တွယ်လိုက်တယ်တော့မသိဘူး
လူပြောသူပြောများတဲ့
ခပ်သေးသေး ခပ်မှိန်မှိန် ရပ်ဝန်းတစ်ခုမှာ
တစ်သက်စာ ဖူလုံခြင်းတွေက ပွစာကျဲလို့ ………………….
အလျားအနံ မရှိဘူး
အသွားအပြန်တော့ရှိတယ် ဆိုပဲ
ပြန်ချင်ပြန် မပြန်ချင်နေပါ
ရင်ထဲက အရိုးခံတွေက
ထာဝရ သွားနေခဲ့ …………………။။။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
14 comments:
သွားနေတယ်ဆိုရင်တော့ ရောက်မှာပါး-)
ကဗျာလေးကောင်းတယ် ဘရို ။
:) ထာဝရတင်မဟုတ်ပါဘူး ကိုအိုင်ရယ် အမြဲစီးဝင်နေရမယ့်
ပင်လယ်ပါ အဲ့လိုမှ မဟုတ်ရင်တော့ ဗိုက်ခေါက်လား
တံတောင်လား မပြောတတ်ဘူး နောက်ကနေ လာနေပြီး
:P
ကောင်းသောနေ့ ကိုအိုင် ခံစားသွားတယ်ဗျို့ :)
အဟွတ်ဟွတ်...
အရင်က လာမလည်နိုင်တာတွေအတွက် အရင် ချောင်းဆိုးပြတာ... အဟတ်ဟတ်... နလန်ထစပြုနေပြီဖြစ်ကြောင်း....
အမြစ်တွယ်နေပြီဆိုရင်တော့ မကြာခင် အညောင့်ပါ ထွက်လာတော့မှာပါ... :) :D
အမြဲစိမ်းနေတဲ့ သစ်ပင်ကြီးပေါ့ကိုယ့်ညီရာ...
လေးလေးနက်နက်တွေးပြီး ရေးထားတဲ့ကဗျာပဲ..ကြိုက်တယ်..
ကဗျာနဲ့ ကော့မန့်တွေဖတ်သွားတယ် ကျနော်လိုသေးတယ်ဗျး) နားမလည်သေးလို့ ။
ကောင်းပါ့ဗျာ။ လိုရင်းလေပဲ။
ကိုအိုက် အားပေးတယ်ဗျာ ... ထာဝရ သွား
တစ်ချို့အရာတွေ ကျတော့ လည်း အသွားပြန်က မရှိပြန်ဘူးဗျာ..ထာဝရရှိနေရင်တော့ကောင်းတာပေါ့
အဆင်ပြေပါစေဗျာ
တစ်သက်တာ ဖူလုံခြင်းတေကွ ပွစာကျဲလို့....
ကဗျာလေးက ကောင်းလိုက်တာ..
လူပြောသူပြောများတဲ့
ခပ်သေးသေး ခပ်မှိန်မှိန် ရပ်ဝန်းတစ်ခုမှာ
တစ်သက်စာ ဖူလုံခြင်းတွေက ပွစာကျဲလို့
လူပြောသူပြောများလို့ သွားလိုက်ပါတယ်..တလမ်းသွားပါ ကိုအိုင်ရယ်..
အခုနောက်ပြန်လှည့်လို့မရတော့ဘူး...
တစ်ခါတစ်ရံမှာလေ
သွားပေမယ့် မရောက်တဲ့ခရီးတွေရှိသလို
ကိုယ်တိုင်မကလိုက်ရတဲ့ ကခွင့်မရှိတဲ့ ဇာတ်တွေအများကြီး...အများကြီးပေါ့။
ကဗျာလေးက တိုတယ်။ ဒါပေမယ့် လိုရင်းကို တန်းခနဲဘဲ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ရင်ထဲက အရိုးခံတွေပဲ အရေးကြီးတာပါ ။ ဟုတ်တယ်ဟုတ် ။ :)
အမြစ်တွယ်ချက်ကတော့ နှုတ်လို့ ကို မရတော့ဘူး ။ ခုပဲ ကြည့်လေ ။ :D
ရင်ထဲကအရိုးခံတိုင်းလေးဘဲကကြတာပေါ့..အဲဒီဇတ်ကို.
ခင်မင်လေးစားလျက်
မိုးကြယ်
ရင်ထဲက အရိုးခံတွေက
ထာဝရ သွားနေခဲ့...
ကဗျာလေးကြိုက်တယ်...
အမြစ်တွယ်ပီးနေပီလား...:P
ခံစားချက်ဆိုတာ ပေးဆပ်သူတစ်ယောက်အတွက်တော့ ရပိုင်ခွင့်သက်သက်ပါ။
Post a Comment