ပျော်သလိုဖတ်ဖို့ကဗျာ (၄)

သေးသေး ကျဉ်းကျဉ်း ပဲနေချင်လို့တဲ့
ကြီးကြီး ကျယ်ကျယ် စကားလုံးတွေကို
ကန့်လန့်ကာ လိုက်လိုက်ကာ
လေဆိုတာ
မီးလောင်ရာပင့်တဲ့အချိန်မှာ
အကြမ်းရှဆုံး ………………..

သူတစ်စက် ကိုယ်တစ်စက် နဲ့
ဖြစ်ခဲ့ရတဲ့ သမုဒ္ဒရာပဲ
အငွေ့ပျံ လွယ်တော့မှ
တစ်ယောက်ကို တစ်ယောက်
လက်ညှိုး မထိုးကြေး …………………….

မနေ့က ကောက်ယူလိုက်တဲ့ အသိနဲ့
ဒီနေ့ ကောက်ယူလိုက်တဲ့ အသိရဲ့ကြား
နောင်တတွေကို လှီးမဲ့ဓါး
ဘယ်နားက သွားရှာရမလဲ …………………..

အဖြစ်အပျက်က
အဲသလို
တစ်ကိုယ်လုံးက ကြွက်သားတွေ
ညှစ်ညှစ်ပြရဖို့လေးအတွက်နဲ့
နေ့စဉ် ရက်ဆက်
လေ့ကျင့်ခန်း လုပ်လုပ်နေရတာကိုက
မော တယ် ………………………

လာမလား လာမလားနဲ့
စောင့်နေတဲ့ သတင်းစာ
လာမယ့်လာတော့
သတင်းတစ်ပုဒ်မှပါမလာဘူး
ဒါနဲ့ပဲ
ကိုယ့်ဟာနဲ့ကိုယ်
ပျော်သလို ဖြည့်စွက် ချရေးလိုက်ရတော့တယ်ပေါ့ ……………..

အိုင်လွယ်ပန်

14 comments:

ရိုးမြင့်အောင် said...

အဖြစ်အပျက်က
အဲသလို
တစ်ကိုယ်လုံးက ကြွက်သားတွေ
ညှစ်ညှစ်ပြရဖို့လေးအတွက်နဲ့
နေ့စဉ် ရက်ဆက်
လေ့ကျင့်ခန်း လုပ်လုပ်နေရတာကိုက
မော တယ် ………………………

အဲဒီ အပိုဒ်လေး ကြိုက်တယ်... ကိုယ့်လူ... ကာယဗလမောင်များ ပြိုင်နေရော့သလား... အဟတ်ဟတ်

Unknown said...

ကိုအိုင်ရေ စကားလုံးအခင်းအကျင်းလေးလှတယ်ဗျိုး
ပျော်သလိုရေးချထားတာကို ပျော်သလိုဖတ်ရင်း
တွေးစရာလေးတွေ မသွားတယ်တယ်ဗျာ ကောင်းသောနေ့
:)

Anonymous said...

နောင်တတွေကို လှီးမဲ့ဓါး
ဘယ်နားက သွားရှာရမလဲ ....အဲ့တာ လိုက်ရှာနေတာ ကြာပြီး ရှိမလားလို့လာ ငှားတာ အဆုံးသတ်မှာ ဘာတွေချရေးလိုက်တာလဲဗျ ။

ပျော်သလိုဖြည့်စွတ်တယ်ဆိုတော့ “အကြွေးမြန်၂ပေးပါ ” အဲ့တာလားမသိ :P

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုက်ရေ...

တတိယ အပိုဒ်လေး အရမ်းသဘောကျမိတယ်..

မနေ့က ကောက်ယူလိုက်တဲ့ အသိနဲ့
ဒီနေ့ ကောက်ယူလိုက်တဲ့ အသိရဲ့ကြား
နောင်တတွေကို လှီးမဲ့ဓါး
ဘယ်နားက သွားရှာရမလဲ …………………..

ဟုတ်တယ်... နောင်တတွေကို လှီးချဖို့
လှီးထုတ်ပြစ်ဖို့ဓါး....
လိုက်ရှာနေမိတာလေ...

တကယ်တော့ အဲ့ဓါးဟာ ကိုယ့်လက်ထဲမှာ
ရှိနေပြီးသားဆိုတာ မေ့သွားတယ်...

with love....

လင်းဒီပ said...

လာမလား လာမလားနဲ့
ကိုယ့်အတွက် ဘာမှအကြောင်းမထူးတဲ့ ခေါက်ရိုးကျိုးခြင်းတွေကို
ပျော်သလိုဆိုတဲ့ စကားတစ်ခွန်းနဲ့ ခင်ဗျားမျောချလိုက်တာ..မိုက်တယ်ဗျို့

တင့်ထူးရွှေ said...

လာမည်ကြာမည်ပေါ့ :-)

ဆောင်းယွန်းလ said...

သူတစ်စက် ကိုယ်တစ်စက် နဲ့
ဖြစ်ခဲ့ရတဲ့ သမုဒ္ဒရာပဲ
အငွေ့ပျံ လွယ်တော့မှ
တစ်ယောက်ကို တစ်ယောက်
လက်ညှိုး မထိုးကြေး …
သိပ်ဟုတ်တာပဲ ညီလေးရာ..စကားလုံးတွေကတော့ ကောင်းပြီးရင်းကောင်းပါပဲ..ပျော်သလိုရေးထားတဲ့ကဗျာလေးကို ကောင်းမွန်စွာဖတ်ပြီး ခံစားသွားခဲ့တယ်...

ညိမ်းညို said...

ကိုအိုင်ရေ ပျော်သလိုပေါ့ဗျာ
တော်သလိုတော့ မဖတ်ရဲခဲ့ပါကြောင်း :)

mgngal said...

ဘီလို ပြောရမလဲ ။ ကဗျာဖတ်ရတာ လေးတွဲ့ နေတာပဲဗျာ ။ ပျော်သလို ဖတ်သွားရရိုး မဟုတ်ပါ။ ကဗျာကောင်းတွေ အတွက် ကျေးဇူး တင်ပြီးရင်းတင်ပဲ ကိုအိုင် ။း)

ညီအကိုများ said...

ကိုအိုင်ရေ ပျော်သလိုလေးပေါ့ဗျာ.. ပျော်သလိုလေး...

ချီးယားစ့်..

ခင်မင်လေးစားလျက်
မိုးကြယ်

အိန္ဒြာ said...

အိုင်လွယ်ရေ..

သမုဒ္ဒရာရေတွေ...
အငွေ့ပျံကုန်ပါပေါ့...လား...

Mhu Darye said...

ဘာမှ ဖြည့်စွက်စရာ မရှိပါဘူး...စကားလုံးအသုံးအနှုန်းတွေကတော့ အံမခန်းပါပဲ..။
ရောက်တယ်...။
^-^

Moe Myint Tane said...

ဒီလိုပါဘဲ လေ။
နေ့ရက်တိုင်း နေ့ရက်တိုင်း ပျော်သလိုသာ ကုန်ဆုံးရင်း
ကဗျာတစ်ပုဒ်ဟာလည်း ပျော်သလိုဖတ်ရင်း
ကိုအိုင်ရေ...
ပါမလာတော့တဲ့ သတင်းတစ်ပုဒ်အတွက်
ကိုယ်တိုင်သာ ရေးထုတ်ကြရတော့မှာပေါ့ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Unknown said...

သူတစ်စက် ကိုယ်တစ်စက် နဲ့
ဖြစ်ခဲ့ရတဲ့ သမုဒ္ဒရာပဲ
အငွေ့ပျံ လွယ်တော့မှ
တစ်ယောက်ကို တစ်ယောက်
လက်ညှိုး မထိုးကြေး …………………….။

ဘာပြောရမှန်းမသိတော့ဘူး...။ စကားလုံး လုပ်တဲ့စက်များ ရထားလားဟင်?