အမြဲတမ်း

“အဖေ” မှန်တယ်
ကျွန်တော် မှားတယ်
ကျွန်တော်မှားတယ်
“အမေ” မှန်တယ် ....................

“အဖေ” နဲ့ “အမေ” မှန်တယ်
ကျွန်တော်မှားတယ် ....................။။။

(အဟောင်းလေးပါပဲ .... သတိရမှုတွေ များနေလို့ ပြန်တင်ဖြစ်သွားတာ .....)

အိုင်လွယ်ပန်

18 comments:

ရိုးမြင့်အောင် said...

ဒါပဲလေ... သိပြီ မဟုတ်လား... သိရင်ပြီးရော ကိုယ့်လူ... အဟတ်ဟတ်...။

ကိုရင်ညိန်း said...

မမိုက်နဲ့ ညီလေး ...
ချဲလ်ဆီးပဲ အားပေး (၀ိုင်ဝိုင်းလေသံ)
အဟေးဟေး

ညိမ်းညို said...

အမြဲတမ်း
အမြဲတမ်းပါပဲ ကိုအိုင်ရာ

MANORHARY said...

ကျွန်မကို အစ်ကိုတစ်ယောက်ကအမြဲဆုံးမတတ်တဲ့
စကားပါ..နင်တို့နှစ်ယောက်လုံးမှန်နေရင်
ကလေးကမှားသွားလိမ့်မယ်တဲ့..သိပ်မှန်တာပဲ
ခုလည်း ကဗျာဖတ်ရင်း အဲဒါကိုပဲသတိရနေမိတယ်

mgngal said...

နှစ်အချိုး တစ် ဆိုတာ မဟုတ်ဘူး ညာတာ တကယ်က ကိုအိုင်လည်း မှန်တယ် ။ :D

ဆောင်းယွန်းလ said...

မိဘနဲ့သားသမီးကြားမှာ သားသမီးဖြစ်တဲ့ ညီလေးမှားတယ်ဆိုတာ အမြဲတမ်းမှန်နေတာပေါ့ ငါ့ညီရာ...

Anonymous said...

အဖေ က မဆိုးဘူး
ကျနော်က မလိမ္မာတာ ။
း)

Anonymous said...

ကျနော်ထင်တာနော် မိဘနဲ့ သားသမီးကြားက နားလည်မှုနဲ့ အမြင်တွေ ပဲဖြစ်မှာ။ နှစ်ဖက်စလုံးတော့ အဆိုးကိုသွားကြမယ်မထင်ဘူး ကောင်းစေလိုလို့ ကောင်းကျိုးညွှန်းကြတာဖြစ်မှာပါ။ နှစ်ဖက်စလုံးမှန်မယ်.....

ကြည် said...

အင်းလေ အမြဲပဲမှားနေတာကို။
လူကြီးကို မှားတယ်လို့ ပြောအုန်းမှာလား။
ဒါဆိုထပ်ပြီး မှားတော့မယ်။

စိုင်းလောဝ်ပိန်း said...

ဘယ်လိုလဲဗျ။
အရှေ့က comments တွေဖတ်ပြီး ကျနော်ပြောချင်တာတောင် မေ့သွားပြီ။
သုံးယောက်လုံး သူ့နည်းနဲ့သူ မှန်မလားလို့။

Unknown said...

ကိုခိုင်ထူးသီချင်းလိုလား ကျွန်တော်မကောင်းဘူး
ကျွန်တော်မကောင်းဘူး ဆိုတာလေ :)
ကောင်းသောနေ့ကိုအိုင် :)

လင်းဒီပ said...

ကလေးစိတ်ထဲမှာ သူ့ကိုယ်သူ မှားတယ်လို့ ထင်သွားမှာလည်း ဆိုးတယ်ဗျ...
(အထင်ကြီးအောင် ပေါက်ကရပြောသွားသည်။)

အိန္ဒြာ said...

အိုင်လွယ်ရေ..

မေတ္တာနဲ့မြင်ရတဲ့အမှားကြတော့...
ချစ်စနိုးလေးတွေဖြစ်လို့....

Moe Myint Tane said...

အမြဲတမ်း မှန်ကန်ချက်တစ်ခုဘဲ ကိုအိုင်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

တင့်ထူးရွှေ said...

အခုအချိန်ထိ ကဗျာကို ဖတ်လို့မဆုံးသေးဘူး ဖြစ်နေတယ် ဘရို ...

လင်းထက် said...

ဟုတ်ပါ့ ကိုအိုင်ရေ လူငယ်ဘဝက ကိုယ့်ဖာသာ အမှန်ဆိုပြီး တဇွတ်ထိုး စွတ်တိုးခဲ့တာ တွေဟာ နောက်တော့ မိဘ ပြောတာ တွေသာ အမှန်တွေ အများဆုံး ဖြစ်ခဲ့ရပါတယ်..။

ဖြိုးငယ် said...

အမြဲတမ်းမှန်နေတဲ့ ကဗျာလေးပါလား ..
တိုတိုရှင်းရှင်း ကောင်းကောင်း လေးပါပဲဗျာ

mgnge said...

I think,that is theory;
:)