မထူးဇာတ်

စုတ်ပြတ်ပါတယ်လို့ တောင်
အမည်နာမ မတပ်ချင်တော့အောင်
စုတ်ပြတ်ခြင်းတို့က သရိုးသရီ ...............

ငရုပ်သီး ဘဝ
အထုအထောင်းခံ အခိုက်အတန့်ကျမှ
ကြက်သွန်ရောပါ ဂျင်းရောပါ လို့လဲ
သရုပ်မဆောင်ချင် …………………

လာခဲ့ပါ
ငါက
သန်းခေါင်ထက် ထပ်နက်ဦးမယ့်ညကိုပဲ
စောင့်နေတာ ……………။။။

9 comments:

Unknown said...

ကိုအိုင်ရေ ဘာတွေဖြစ်သတုန်းဗျ :)
ဇာတ်ကတော့ ခပ်မိုက်မိုက်ပဲ ကောင်းသောနေ့ဗျာ
:)

Anonymous said...

ထောင်းခံပြီး၂လား ငရုတ်သီး ပြီးရင်ဆီသတ်မယ်ဝေ့ ကြက်သားဆီပြန်ချက်စားမလို့း) အိမ်ကြက်နော် လတ်တယ် ဆတ်တယ် ဘယ်လိုလဲ ???

:P

ကိုရင်နော်ခင်လေးငယ် said...

ဟာ... ကိုအိုင်

ကဗျာလေးက တိုတိုလေးပေမဲ့ အရမ်းမိုက်တာဘဲ...

သန်းခေါင်ထက် ထပ်နက်ဦးမဲ့ ညတွေကို
ထိုင်ထိုင်စောင့်နေတာ
ဒီမှာ မျက်တွင်းတွေဟောက်ပက်...

ခင်မင်စွာ ချစ်ခြင်းအားဖြင့်...

zue said...

ဒီလောက်စုတ်ပြတ်နေပြီဆိုမှတော့ မထူးဇာတ်ပဲ ခင်းတာ ကောင်းပါတယ်....:)
ပျော်ရွှင်ပါစေ...

လင်းဒီပ said...

အထောင်းလည်း ခံရဦးမယ်..
သန်းခေါင်ထက်လည်း ညဉ့်နက်ဦးမယ်ဆိုတော့..
လာတော့ဘူးဗျာ..:P

အိန္ဒြာ said...

အိုင်လွယ်ရေ...

သန်းခေါင်ထက်နက်တဲ့ ""ည""
မရှိဘူးကွယ့်

Unknown said...

သန်းခေါင်ထက်နဲ့ပဲ ညဥ့်ကိုစောင့်ရင်း သန်းခေါင်က ကိုယ်မသိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုပြုံးပြီး ၀ါးမျိုသွားတယ်...။ ဟူးးးးး....။

Moe Myint Tane said...

သန်းခေါင်ကျော်ရင်တော့ ရောင်နီပေါ်တော့မှာပါ ကိုအိုင်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

သဇင်ဏီ said...

အလန်းပဲ..
မိုက်တယ် =)