အိတ်ကပ်ထဲက တနင်္လာနေ့အကြောင်း

အင်္ဂါရပ်မညီညွတ်တဲ့
သံလိုက်အိမ်မြှောင်မှာ
ယုံတမ်းစကားတို့က
တစ်နွယ်ငင် တစ်စင်ပါ …………….

မိုက်ခရိုစကုပ်တတ် မျက်လုံးတွေအတွက်
အလင်းတစ်စက်ဟာလည်း
မီးတောက်တစ်တောက်
ယမ်းအားပြင်းကျည်ရာလို
နိစ္စဓူဝ ဖွာရာကျဲတဲ့
အသိခေါက်ခက်တွေကြား
ဗျာပါဒဂြိုဟ်များဟာ
ပူလောင်ခြင်းနဝင်းတို့စီးနေ ………………….

စိတ်ကို လောင်နေကြတဲ့မီးတွေကွယ့်
သိပ်ကြီးတယ် ………………

အဲဒီ …….
သည်းသည်းထန်ထန်
ဆဲရေး ထောပနာသံတွေဆိုတာ
ကြတ်ခြေခတ်တွေဝိုင်းခတ်ပြီး
ကွင်းပြင်ကန်ထုတ်ခံလိုက်ရတဲ့
ဘောလုံးတစ်လုံးက စခဲ့တာပေါ့
ခေါက်သိမ်းထားဖြစ်ခဲ့တဲ့ တနင်္လာဟာ
အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ………………….။။။

အိုင်လွယ်ပန်

13 comments:

MANORHARY said...

ဟုတ်တယ်။စိတ်ကိုလောင်နေတဲ့မီးတွေက သိပ်ကြီးတာပဲ
ဒါပေမယ့် မီးနဲ့မွေးဖွားသန့်စင်တတ်တဲ့ ကဗျာဆရာအတွက်ကတော့ ဒါဟာ ရှင်သန်မှုအတွက်
လောင်စာတစ်မျိုးလို့များယူဆလို့ရမလားလို့..

Unknown said...

ကိုယ်ပဲညံ့လို့ထင်တယ်..။ ဒီတစ်ပုဒ်က အရင်ကဗျာတွေ လောက်မထိသလိုပဲ..။ :(

(ကိုယ်ကျတော့ မရေးတတ်ပဲနဲ့ သူများရေးထားတာကို မကောင်းဘူးတဲ့ မဲကြီးတို့ တော်တော် အရေးမပါတဲ့ ကောင် ..။ ဒေါင်...။ ကိုယ့်ကိုယ်ကို ခေါင်းခေါက်လိုက်တာ :D )

မိုးမြင့်အောင် said...

ကျနော်က တနလ`်ာဆိုတော့လောင်ကောင်ကြီးများဖြစ်နေမလားမသိဘူး။ လောင်တော့မလောင်ချင်ဘူးဗျာ ပူလို့

ညိမ်းညို said...

ကိုအိုင်က အိတ်ကပ်ထဲက ခပ်မွဲမွဲတနင်္လာနေ့အကြောင်း ကဗျာဖွဲ့သွားတယ်
အမှန်တော့ တနင်္ဂနွေကမှ ချစ်စရာအကောင်းဆုံးဗျနော
ကျောင်းပိတ် ရုံးပိတ် နားရက်မို့လေ :P
ကိုအိုင်ရေ ကျန်းမာပါစေ

တင့်ထူးရွှေ said...

ဒီလထဲ အကြိုက်ဆုံးတစ်ပုဒ်ပဲဗျ ဘရိုရ ။

အိန္ဒြာ said...

ဗျာပါဒဂြိုဟ်များဟာ
ပူလောင်ခြင်းနဝင်းတို့စီးနေ ………

အဲဒီ့စာသားတွေကို..တော်တော်ကြိုက်တယ်..
လှတယ်...
ထိမိတယ်...

လင်းဒီပ said...

တနင်္လာကို ခေါက်သိမ်းထားလိုက်ပေမယ့်
စိတ်မီးတွေကတော့ မငြိမ်းသေးဘူး..။

Unknown said...

ကို အိုင်ရေ ခေါက်သိမ်းမထားနဲ့ ထုတ်လှမ်းထားလိုက်တပတ်လုံး :)
ခြောက်သွားတာပေါ့ :)
ကောင်းသောနေ့ဗျာ :)

Moe Myint Tane said...

ဒီလိုပါဘဲ ကိုအိုင်ရာ။

ခေါက်သိမ်းခဲ့လိုက်ရတာ စွန့်ပစ်ရတာထက်တော့ ပိုကောင်းပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ATN said...

တနင်္လာနဲ့ လကုန်ရက် ပေါင်းမိရင်တော့ မိုးပါ မီးနဲ့ ရှို့ချင်လာရော...

ATN said...

တနင်္လာနဲ့ လကုန်ရက် ပေါင်းမိရင်တော့ မိုးပါ မီးနဲ့ ရှို့ချင်လာရော...

mgnge said...

တနင်္ဂလာနေ့ ကတော့ ဒီနှစ် ညီ့အတွက် ကောင်းသော နေ့ တွေ အကိုရ .. ညီတို့ ကကျောင်း ပိတ်တယ်လေ :D

ကိုယ့်အမြင်နဲ့ ကိုပေါ့နော်..။

သဇင်ဏီ said...

အိတ်ကပ်ထဲကို လာချောင်းတယ်ဟ. =)