အူသံ

ဖြတ်သန်းရာပြနိမိတ်ရဲ့
အနုလုံ ပဋိလုံ မော်ကွန်းတစ်ရပ် ဖြစ်ချင်ဖြစ်မယ်
လောကဓံ အကိုက်ခံ ထားရတဲ့ နှလုံးသားတစ်စုံရဲ့
နာကျင်ကျေကွဲခြင်း တစ်ခုတစ်ရံစာ ဖြစ်ချင်ဖြစ်မယ်
ကမ္ဘာမြေကို ပိတ်ကားမချခင် တို့ထိနှုတ်ဆက်ခဲ့တဲ့
ဖန်ခွက်ခြင်းတိုက်သံ တစ်စွန်းတစ်စ ဖြစ်ချင်ဖြစ်မယ်
ဘယ်လိုကြားနာမှုမျိုးနဲ့
ခင်ဗျား ကျွန်တော် ဖူးပွင့်လိုက်ကြမလဲ ……………………

အမှောင်နက်နက်ည
ခွေးတစ်ကောင်ရဲ့ နောက်ဆုံး ဂီတ
သဘာဝတရားထဲ ဆွဲဆွဲငင်ငင် ………………………။။။

အိုင်လွယ်ပန်

16 comments:

Moe Myint Tane said...

အဲဒီသဘာဝတရားထဲမှာပေါ့ ။

ဘ၀တွေလည်း ညဉ့်နက်နေကြပြီ။

တကယ်တော့ အူသံဟာ ညရဲ့သံစဉ်တစ်ပုဒ် ဖြစ်မှန်းမသိ
ဖြစ်လို့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Unknown said...

ကိုအိုင်ရေ လုပ်ချလိုက်ပြန်ပီ :)
ကောင်းတယ်ဗျာကြိုက်တယ် ကိုအိုင်ရေ
ကောင်းသောနေ့ဗျာ :)

လင်းထက် said...

လောကဓံ အကိုက်ခံ ထားရတဲ့ နှလုံးသားတစ်စုံ တင်စားချက်လေးကတော့ လန်းသဗျာ..။

MANORHARY said...

ဘယ်လိုနာကြားမှုတွေနဲ့ဖူးပွင့်ရမလဲ
စဉ်းစားသွားပါတယ်
ဖူးပွင့်ပြီးရင် ကြွေဖို့တွက်ရောပေါ့

အိန္ဒြာ said...

ကောင်းလိုက်တာ...အိုင်လွယ်ပန်...

အဲဒီ့ အူသံဟာ..

တိုင်တည်နေတာလား...
တိုင်တမ်းနေတာလား...
တောင်းပန်နေတာလား...
တောင်းခံနေတာလား....

သိပ်စိတ်ဝင်စားစရာကောင်းတယ်

မိုးမြင့်အောင် said...

အူသံတွေက ဒီရင်ထဲမှာ အမြဲညံနေကြပါ။ တစ်ခါတစ်လေ မခံနိုင်တော့လို့ အန်ချဖြစ်တဲ့အခါ ဆွဲဆွဲငင်ငင်ရှိလှတယ်ပေါ့

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုင်ရေ...

အရမ်း မိုက်တယ်...

with love...

Unknown said...

လောကဓံ အကိုက်ခံ ထားရတဲ့ နှလုံးသားတစ်စုံရဲ့

နာကျင်ကျေကွဲခြင်း တစ်ခုတစ်ရံစာ ဖြစ်ချင်ဖြစ်မယ်

.....

သေချာတယ်ဗျာ....

အရမ်းကောင်းတဲ့စကားလုံးလေးတွေပါ....

လင်းဒီပ said...

သဘာဝတရားပေါ် ရိုးရိုးသားသား ဆွဲဆွဲငင်ငင်ပေါ့...
ရနိုင်မယ် မသေချာပေမယ့်ဗျာ..။

Kaung Kin Ko said...

ကဗျာလေး မိုက်တယ် ညီလေးအိုင်ရေ။

ဆူးရင့် said...

သဘာဝတရားရဲ့ အူသံကြားမှာ လောကဓံတရားကို ခံစားရင်း အဖူးဘ၀နဲ့ ကြွေသွားကျတဲ့ ပန်းကလေးတွေ မြောက်များစွာပေါ့ ။


ဆူးရင့်

Mhu Darye said...

came read.

nice poem.

ဆောင်းယွန်းလ said...

ဘယ်လိုကြားနာမှုမျိုးနဲ့
ခင်ဗျား ကျွန်တော် ဖူးပွင့်လိုက်ကြမလဲ ……………………

ဟုတ်တယ်..ဒီနေရာက အရေးအကြီးဆုံးပဲ။။
ဘယ်လိုပွင့်ပြီး ဘယ်လိုလန်းမလဲ ပြီးရင်ဘယ်လိုဝေပြီး ဘယ်လိုကြွေကြမလဲ....မိုက်တယ်..သေသေချာချာစဉ်းစားရမယ်

mgnge said...

ဟူးး

ဘီလို ပါလိမ့် ???????

သဇင်ဏီ said...

အင်း.. ငါ နားမလည်ဘူးထင်တယ်
လိုက်မမှီဘူး.. ဒီမော်ဒန်ကို :P

summer said...

ဘယ်လိုကြားနာမှုမျိုးနဲ့ ဖူးပွင့်လိုက်ကြမလဲ...။
အားပေးသွားပါတယ်ဗျို့...။