ခွဲခွါချိန်

ဘယ်ဆိုးဝါးခြင်းက
အဲဒီ ဆိုးဝါးခြင်းလောက်
ဆိုးဝါးခဲ့ဘူးသလဲတဲ့
ရင်ဘတ်ကြီးက
ကြေကွဲခြင်း စက်လက်နဲ့
အော် ရဲ့ ……………..

ဝေး … ပြီ …
အိပ်မက်တွေ
မီးကျွမ်းသွားလိုက်ပုံများ
တကယ့်ကို
တငွေ့ငွေ့ တမြေ့မြေ့ ……………………

အဲသလိုနဲ့
အဲဒီ နိမိတ်ရဲ့
အဲဒီ နရီအောက်
နှလုံးသားအပိုင်းအစတွေ
လိုက်ကောက်ခဲ့ရတာပေါ့ …………………။။။

အိုင်လွယ်ပန်
(၁၅.၁၂.၂၀၀၆ ကရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ)

11 comments:

မောင်ခင်လေး said...

ဒီလူကြီး ငယ်ကျွမ်းဆွေကို သတိရနေတယ်ထင်ပါ့ :P :D
ဘာရယ်မဟုတ်ဘူး ဖွတာ :P
ကဗျာလာဖတ်တယ် ကိုအိုင်ရေ ကောင်းသောနေ့ဗျာ :)

BLACK DREAM said...

အဲ့ဒီ့ နိမိတ်တွေရဲ့ နာရီတွေအောက်မှာ နှလုံးသားတွေ ကြွေကျမယ့်အချိန်ကို စောင့်နေလေရဲ့ညီရေ..။ အမှန်အကန်ပြောတာ..။

ရွာသားလေးဝိုင်တီယူ said...

ကိုလွယ်ပန်ရေ
အလွမ်းတွေတပွေ့တပိုက်နဲ့ပါလားဗျာ

မယ်ကိုး said...

ဆားချက်တယ်ဆိုလည်း လှပဖြူဖွေးတဲ့ ဆားပွင့်လေးပါပဲ လို့ ... :)

MANORHARY said...

ခုလောက်ရှိကောက်ထားတဲ့နှလုံးသားအပိုင်းအစတွေ
အကောင်းပြန်ဖြစ်နေရောပေါ့နော်
း)

လင်းဒီပ said...

ဘဝမှာ အဲလို ခွဲခွာချိန်မျိုး ကြုံဖူးတယ်...

အခုတော့လည်း ဒါတွေ ဒါတွေ...။

mgngal said...

ခုတော့ ပြန်ကောက် ပြန်ဆက်ပြီး အသားပြန်တက်နေလောက်ရော့ ပေါ့ ။
ကဗျာလေး ကြေကြေကွဲကွဲ ...

အမရာ said...

အိပ်မက်တွေမီးလောင်သွားပုံများ ဘဝတွေတောင်ပြောင်းပြန်ဖြစ်လို့
ဒီလိုနဲ့နှလုံးသားအပိုင်းအစတွေ
လိုင်ကောက်ခဲ့ရတယ်....
(ဟိဟိ)

အမရာ(ငါကွ)

ပိုင်ဖြိုးကို said...

မင်းလွမ်းတာ ငါသိတယ်နော် :P

တင့်ထူးရွှေ said...

ကွဲတဲ့သူနဲ့ ကောက်တဲ့သူနဲ့ အဆင်ပြေခဲ့ကြတယ်ပေါ့
၂၀၀၆ မှာကတည်းက လက်သံပြောင်ခဲ့တယ် ဘရို :P

ကဗျာဦး said...

ရေရေလည်လည်ခံစားသွားတယ်