ကြိုးပြတ်တဲ့စွန်

ခေါင်းလောင်းသံတွေ
ဆိတ်သုဉ်းသွားတဲ့နေ့
သေချာပြီလား လို့
ကိုယ့်နှလုံသားကိုကိုယ်
ဖုန်းခေါ်လိုက်မိ…………..

အစိမ်းရောင်မီးလေး
ဖျတ်ကနဲလင်းတဲ့နောက်
မရေရာခြင်း အတွေးခါးခါးတွေကိုခွာချ
ပျင်းရင်ပြန်ကြည့်ဖို့
စနစ်တကျ ထုပ်သိမ်းလိုက်ရဲ့ ………………………

အဲသလို
မျှော်လင့်ခြင်းစက်လက်နဲ့ကောင်လေ
တံတိုင်းတွေကို
တစ်ချပ်ချင်း ရိုက်ချိုးချေဖျတ်
နှင်းဆီတောဆီ ရောက်လာခဲ့တော့
ရနံ့တွေက သွားနှင့်ပြီ …………….။။။

အိုင်လွယ်ပန်

14 comments:

လင်းဒီပ said...

တံတိုင်းတွေ ဖျက်ရင်း ချိုးရင်း နောက်ကျတဲ့ ရောက်လာခြင်းအတွက်
ကြိုးပြတ်သွားတဲ့ စွန်လေးလို လွင့်လွင့်ဝဲဝဲပေါ့...။

MANORHARY said...

ဖျတ်ကနဲလင်းလာတဲ့အစိမ်းရောင်မီးလေးအကြောင်းတွေး
ရင်း မျှော်လင့်ခြင်းတွေနောက်ကျသွားခဲ့တာကိုတော့
.............................
.................
(အိုင်လွယ်ပန် ကဗျာတွေက ပိုပြီးထိရှလာသလို.း) )

ဆောင်းယွန်းလ said...

ကြိုးပြတ်တဲ့စွန်ကလေးရှိရာကို အရောက်လာခဲ့ပါတယ်ညီရေ...

Anonymous said...
This comment has been removed by the author.
Anonymous said...

ရနံ့တွေက သွားနှင့်ပြီတဲ့
ကြေကွဲသွားတယ်ကိုလွယ်ပန်ရေ

မယ့်ကိုး said...

စာပိုဒ်လေးတွေက တခုချင်း ဆီ သက်ရောက်လွန်းရဲ့ .
ကဗျာလေးနဲ့ ထပ်တူ ....ဝမ်းနည်း...

အိန္ဒြာ said...

နှင်းဆီတောထဲရောက်တော့
ရနံ့တွေက သွားနှင့်ပြီ..တဲ့...

ရနံ့တွေ သွားနှင့်ပြီတဲ့လား....

အဲဒီ့စကားလုံးကိုဖတ်အပြီး...လွှတ်ကနဲ ၀မ်းနည်းသွားလိုက်တာ

Moe Myint Tane said...

အဲသလို
မျှော်လင့်ခြင်းစက်လက်နဲ့ကောင်လေ
တံတိုင်းတွေကို
တစ်ချပ်ချင်း ရိုက်ချိုးချေဖျတ်
နှင်းဆီတောဆီ ရောက်လာခဲ့တော့
ရနံ့တွေက သွားနှင့်ပြီ …………….။။။

အဲဒီ့အပိုဒ်လေး အခိုက်ဆုံးဘဲဆရာ။ ကဗျာဆုံးတော့ ဆွေးဆွေးမြည့်မြည့်လေး ဖြစ်ကျန်ခဲ့တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Mhu Darye said...

ရနံ့တွေက သွားနှင့်ပြီတဲ့လား....
း)
နောက်တာမဟုတ်ဘူးနော်..မှီလိုမှီငြား..
အပြေးလေးလိုက်ကြည့်ပါဦးလေ။

Unknown said...

ကိုယ့်နှလုံသားကိုကိုယ်
ဖုန်းခေါ်လိုက်မိ…………..

i tried to call my heart, but it said " The mobile is switch off or out of the service area and please try again later...!

p.s- font error in my computer, so i can't type myanmar font :(

ပိုင်ဖြိုးကို said...

နှင်းဆီပွင့်ချိန်ဘယ်မီမလဲ မင်းက"ရွှေကြက်ဖ"မှာ ပျော်နေခဲ့တာကိုး

Unknown said...

ခုတလော ကဗျာဆရာတွေ လွမ်းခန်းဆွေးခန်းများနေတယ် :)
ကောင်းသောနေ့ပါ ကိုအိုင်ရေ နှင်းဆီတောထဲ ရောက်တော့ ရနံ့တွေကသွားနှင့်ပြီ ......

mgngal said...

ပြတ်သွားကြိုးကို ပြန်ဆက်ဗျာ ။ အထုံး ပါကမှ ပါရော ။;)

Unknown said...

ရနံ့တွေက သွားနှင့်ပြီတဲ့လား.....
အစိမ်းရောင်မီးလေး
ဖျတ်ကနဲလင်းတဲ့နောက်
မရေရာခြင်း အတွေးခါးခါးတွေကိုခွာချ
ပျင်းရင်ပြန်ကြည့်ဖို့
စနစ်တကျ ထုပ်သိမ်းလိုက်ရဲ့ ………………………
heart ထိသွားတယ်ဗျာ။