ပုံပြောပြခြင်း

ပြောပြဆိုလို့
ပြောခဲ့မိပေါ့ ။

တစ်ကိုယ်ရေ တစ်ကာယ
မျှော်လင့်ချက်တွေကို
ထမ်းထမ်းတင်
တစ်ရွေ့ ရ တစ်ရွေ့
တစ်ကွေ့ ပြီး တစ်ကွေ့
ရွှေ့… ခဲ့… တယ် ။

ပြန်အမ်း လို့ရခဲ့တဲ့
အတိုအစ ရလဒ်တွေအတွက်
နှလုံးသားဟာ
ပွန်းရာပဲ့ရာ တွေနဲ့မှ
တကယ့်ကို
နေသားတစ်ကျ ။

ဒါဟာ
ပြဇာတ် မဟုတ်ပါ
စစ်ပွဲ မဟုတ်ပါ
ကောက်ရိုးမီး မဟုတ်ပါ
စိတ် နဲ့ တစ်သားထဲ ထပ်တူကျ
ရင်ထဲက အဖြူထည်သက်သက်
ရူးသွပ်ရုံရယ်ပါ
ကဗျာ ။

အနားနားကြည့်လိုက်တော့
နားထောင်သူ တစ်ယောက်မှ မရှိတော့ဘူး ။။။

အိုင်လွယ်ပန်

6 comments:

mgngal said...

အရင်ဆုံး လာနားထောင်သွားတယ်ဗျ ။ ပုံပြောကောင်းတဲ့ ကိုအိုင်ပေါ့ ။း)

မယ့်ကိုး said...

ထမ်းထမ်းတင်
တစ်ရွေ့ ရ တစ်ရွေ့

ဒီအသုံးလေး ကြိုက်ပါတယ်။ဒီလောက် ပုံပြောကောင်းတဲ့ ကဗျာလေးမှာ နားထောင်သူတွေ အများကြီးပါ။

ကောင်းသောနေ့ ပါ .. ( ကဗျာဆရာရဲ့ မူကို ယူသုံးကြည့်တာ :)

MANORHARY said...

we are the listeners !!

ဖြိုးငယ် said...

နားထောင်သူတွေရှိမှာပါ .. ညီ မမြင်နိုင်လို့နေမှာပါ ...

Eaindra said...

ကဗျာနဲ့ပြောတဲ့ ပုံပြင်ပေါ့..

ဒါ့ထက်

ဘယ်သူ့ကိုပြောပြတာလဲ...

အိန္ဒြာ

လင်းဒီပ said...

လာနားထောင်တယ်ဗျာ ပုံပြင် အခါးလေး တစ်ပုဒ်ကို..။