“ဗလာ” ရှင်းတမ်း

ဒီ “ဗလာ” ရဲ့ ဇာတ်လမ်းက ကျွန်တော် နှစ်သက်တဲ့ ကဗျာနှစ်ပုဒ်ရဲ့ ဇာတ်လမ်းက စ ပါတယ် ။
တစ်ပုဒ်က ဟန်နီ ရဲ့ “နောက်သလိုဖြစ်နေပြီ” ပါ ။နောက် တစ်ပုဒ်က သူငယ်ချင်း သားလွင်ရဲ့
“ အသေအချာသိနိုင်ဖို့လိုတယ်” ပါ ။အဲနှစ်ပုဒ် မှာ ကျွန်တော်နှစ်သက်တဲ့ စာသား နှစ်ပိုဒ်ဆီရှိ ပါတယ် ။
အဲဒီနှစ်ပိုဒ်ကို ဖတ်တိုင်း ကဗျာရေးချင်စိတ် ပေါ်ပေါ်လာပါတယ် ။
အဲဒီတော့ ရေးမိပါတယ် ။ မူလရေးထားတာက ဒီလိုပါ ။

“ ဗလာ ”

ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိပ်သိမ်းကြမှာလဲ ။
(ဟန်နီ)

လာမလား လာမလားစောင့်နေပြီဆို
မျှော်လင့်ချက်ဆိုတာလည်း
မျှော်လင့်ချက်အလျှောက် ။
(သားလွင်)

စိတ်ကူးတွေ ခြွေခြွေချ နေရတာကိုက
စိတ်ကူးနဲ့တင် မောမယ် ။

ဒီအတိုင်းပဲ
ထားခဲ့လိုက်စို့ရယ် ။

အိုင်လွယ်ပန်

ဖြစ်ချင်တော့ ဘယ်က ဘယ်လိုဖြစ်တယ်မသိ ကျွန်တော် Microsoft word ကနေ Blog ကို copy paste လုပ်တော့
အကြမ်းရေး ထားတာ ကို သွားလုပ်မိပါတယ် ။ အကြမ်းရေးထားတာက အောက်မှာ ရေးထားတဲ့အတိုင်းပါ ။

“ဗလာ”

ဖြစ်မလာခြင်းတွေ ရင့်မှည့်တဲ့အခါ
ဘာကိုရိပ်သိမ်းကြဦးမှာလဲ ။

စိတ်ကူးတွေ ခြွေခြွေချ နေရတာကိုက
စိတ်ကူးနဲ့တင် မောမယ် ။

ဒီအတိုင်းပဲ
ထားခဲ့လိုက်စို့ရယ် ။

အိုင်လွယ်ပန်

ဟန်နီဆိုတဲ့ ရေးသူနာမည်မပါလာပါဘူး။ သားလွင်ရေးတဲ့ အပိုဒ်မပါလာပါဘူး ။
အိပ်ချင် ဇောနဲ့ Publish တန်းလုပ် ၊ ပြန်တောင် မစစ်အားပဲ မနက် အလုပ်သွားရမယ့်အရေးမှာ ကျွန်တော့် ပေါ့ ဆ မှု
သက်သက်ပါ ။မနက် နိုးတော့ အလုပ်သွားခါနီးဖွင့်ကြည့်တော့မှ ကျွန်တော် ဆံပင်ထောင်သွားပါတယ် ။အဓိက ကတော့
ဟန်နီ့ စာသား ဟန်နီ့ နာမည်တပ်မထားပဲ ယူသုံး သလို ဖြစ်နေတာပါပဲ ။ Comment တွေလည်းတက်နေပါတယ်။
CboX မှာ စာတစ်စောင်လည်း အသင့်ကြိုနေပါတယ် ။
ဆိုတော့ကာ အလုပ်ချိန်လည်းနီး ဘာမှ လုပ်မရတဲ့ အခြေအနေပါ ။အဲဒီတော့ Cbox မှာ တောင်းပန်စာ အမြန်ရေး
အလုပ်ကို ပြေးရလေ သတည်းပေါ့ ။အခု ပြန်ရောက်ရောက်ခြင်း ဒီတောင်းပန်စာ ကိုတင်ပါတယ်။
ကျိန်းသေတာကတော့ ကျွန်တော်နှစ်သက်တဲ့ စာသားတွေကို ပေါ့ပေါ့ ဆဆ ကိုင်တွယ်မိတဲ့ ကျွန်တော့်ရဲ့
အပြစ် သက်သက် သာဖြစ်ပါတယ်။မူရင်းကဗျာအတိုင်း အဖြစ်အပျက်က “နောက်သလိုဖြစ်နေပြီ” ပေါ့ ။
ဟန်နီ့ ရဲ့ မူရင်း “နောက်သလိုဖြစ်နေပြီ” ကဗျာ ကို ဖတ်ချင်ရင်တော့
http://thinkinghoney.blogspot.com/2008/12/blog-post_13.html မှာရှိပါတယ် ။
www.emayarblogspot.com ရဲ့ Side bar မှာလည်း လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သူ ကြိုက်တယ် ဆိုပြီး
တင်ထားပါတယ် ။အဖြစ်အပျက်အားလုံး အတွက် ဒီပို့စ်နဲ့တောင်းပန်ပါကြောင်း ။

အိုင်လွယ်ပန်

0 comments: