ဟာသ (၄)

မေ့လိုက်ပါလို့ ပြောမယ်ဆိုရင်
ငါ့ရင်ထဲက ကြိုးကို
ဖြတ်…ပေး…ပါ ။

ကမ္ဘာကြီးတစ်ခုလုံးရဲ့
မြင်ကွင်းကျယ် အားလုံးဟာ
မျက်လုံးအိမ် ကျဉ်းကျဉ်းလေးထဲမှာပဲ
ရှိနေသလိုမျိုး
နှလုံးသား သေးသေးလေးဟာ
ကိုယ့်ကြီးမြတ်ခြင်းတွေနဲ့ကိုယ်
တစ်ခမ်းတစ်နား ။

နစ်မွန်းတယ် ဆိုတာထက်
ထဲထဲဝင်ဝင်ဖြစ်တာ
ဘာရှိသေးလို့လဲကွယ် ။

အဲသလိုမျိုး
ဒဏ်ရာအလူးလူးနဲ့
နင့်နင့်စူးစူး
ကိုယ့်သေတွင်း ကိုယ်တူးခဲ့တယ် ။။။

အိုင်လွယ်ပန်

12 comments:

Unknown said...

ရေးခဲ့သမျှ ဟာသတွေ က ဟက်ထိတယ် ကိုအိုင်ရေ
ကဗျာခေါင်းစဉ်တွေများ မှားနေသလားလို့ :)
ကောင်းသောနေ့ပါ ကိုအိုင်ရေ :)

ဆောင်းယွန်းလ said...

အဲသလိုမျိုး
ဒဏ်ရာအလူးလူးနဲ့
နင့်နင့်စူးစူး
ကိုယ့်သေတွင်း ကိုယ်တူးခဲ့တယ် ။။။

အဲဒီသေတွင်းကိုပဲ မက်မက်စက်စက်ဖက်တွယ်ထားမိရက်သားဖြစ်နေမိကြ
ပေါ့ညီလေးရေ

မယ့်ကိုး said...

နစ်မွန်းတယ် ဆိုတာထက်
ထဲထဲဝင်ဝင်ဖြစ်တာ
ဘာရှိသေးလို့လဲကွယ် ။

စဉ်းစားကြည့်ဦးမယ် :P ... ဟာသ ကဗျာတွေကို အားလုံးကြိုက်ပါတယ်။ ကောင်းသောနေ့ ပါရှင် :)

စိုင်းလောဝ်ပိန်း said...

ကောင်းတယ် ကိုအိုက်ရေ...

"နစ်မွန်းတယ်ဆိုတာထက်" ဆိုတဲ့ အပိုဒ်လေး ကြိုက်တယ်။

mgngal said...

အားလုံးပဲ .............................................................
ခိုက်တယ် ။ တော်တော်မိုက်လုံးကြီးတဲ့ ဟာသ ။

Anonymous said...

ဟာသ
ကိုယ့်သေတွင်းကိုတူးတဲ့ဟာသ
နင့်နင့်စူးစူး
ဟင့်အင်း
မရီနိုင်ဘူး

Mhu Darye said...

မရယ်ရတဲ့ ဟာသ တပုဒ်ပေါ့...း(
မချိပြုံး တွေ အများကြီးနဲ့ ဖွဲ့စည်းထားမယ် ထင်ပါရဲ့ ။

လင်းဒီပ said...

အဲသလိုမျိုး
ဒဏ်ရာအလူးလူးနဲ့
နင့်နင့်စူးစူး
ကိုယ့်သေတွင်း ကိုယ်တူးခဲ့တယ် ။။။

ကိုယ်နာကျင်ရတာကို ကိုယ်ပြန်ပြီး နာနာကျင်ကျင် ရယ်မောရတာ ရင်နာစရာ ဟာသလည်း ဖြစ်တယ်။

MANORHARY said...

ပျော်ရွှင်စွာငိုကြွေးပါ
နာကျင်စွာရယ်မောပါတဲ့
ကျိန်စာက ဒီလိုဆိုတယ်
ငါတို့
နာကျင်ခြင်းတွေကိုရယ်မောတတ်ပြီး
အဲဒီလိုမျိုး
ဒဏ်ရာအလူးလူးနဲ့
နင်းနင့်စူးစူး
ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ကြပေါ့.....

Eaindra said...

နှလုံးသား သေးသေးလေးဟာ
ကိုယ့်ကြီးမြတ်ခြင်းတွေနဲ့ကိုယ်
တစ်ခမ်းတစ်နား ။

ကိုယ့်ကြီးမြတ်ခြင်းတွေနဲ့ကိုယ်........

သေချာတာပေါ့

အိန္ဒြာ

သက်ထွန်းညိမ်း said...

ဖြတ်မရတဲ့ကြိုး ဖြစ်နေတာခက်တယ်နော်း)

MieMie said...

ဒီကဗျလေးကို အရမ်းကြိုက်တယ်...