ဒိုင်ယာရီ

ထိုင်နေရင်းကပဲ
ဘဝဆိုတာကြီးကို
မီးခိုးထောင်းထောင်းထအောင်ဖွာမိလိုက်ရုံနဲ့
အလေ့ကျစိတ်ကူးတွေ
ဝေ့ အိုင်နေတဲ့ ဆန္ဒတို့ ထုဆစ်ရာမှာ
ကြွေခဲ့တဲ့ သက်ပြင်းတို့ ရာထောင်ချီ ။

အရိပ်တွေထဲမှာမှ ရင်ရဲ့အရိပ်က
ဖွဲမီးလို တငွေ့ငွေ့ကျွမ်း
နေ့သင့်နံသင့် မဟုတ်လို့ပဲ
လမိုင်းမကပ်ခဲ့တာလား
မိုးတွေခေါင်ကာမှ
လွန်ပြေးပြေးဆွဲရမှာ မုန်းလို့
လျော့တိလျော့လျဲ တော့နေခဲ့မိ ။

ငါးပွက်ရာမှာ ငါးစာကိုကမရှိခဲ့တော့
ကမ်းဆိုတာက မှုန်ပြပြ
ဆိုက်ရောက်မှုတွေနည်းခဲ့တယ် ။

လိပ်ပြာသန့်ဖို့သက်သက်တစ်ခုထဲအတွက်
ကလိမ်ကကျစ်ဆိုရင်တောင်
ကကြီးနဲ့လိမ်ပြီး ကကြီးနဲ့ပဲ ပြန်ကျစ်ခဲ့ပါရဲ့
စိုက်ဝင်နေတဲ့ တစ်ဆုံးသောဓါးသွားဟာ
မုန်းတီးရွံရှာမှုတွေနဲ့မြေ့နေဆဲ ။

ရေးလို့ကောင်းရုံလေးပါပဲ
ကျန်….ခဲ့….ပြီ ။

အိုင်လွယ်ပန်
(ရေးတုန်းကတော့ အသစ်ပါ ၊ ရေးပြီးကာမှ အရင်ရေးခဲ့ပြီးတာနဲ့ အသွားဆင်ဆင်တူနေတာရယ် ၊
ရေးထားတဲ့ ဟာ ကိုလည်းမကြိုက်တာနဲ့ ပေါင်းပြီး အဟောင်းကိုပဲ ပြန်တင်ဖြစ်သွားတယ် ။)

8 comments:

ဆောင်းယွန်းလ said...

ရေးလို့ကောင်းရုံလေးပါပဲ
ကျန်….ခဲ့….ပြီ ။
ရေးလို့ကောင်းရုံလေးရေးထားတာတောင်
ဖတ်လို့ ခံစားလို့တော်တော်ကောင်းနေပါပြီကိုယ့်ညီရေ

စိုင်းလောဝ်ပိန်း said...

လိပ်ပြာသန့်ဖို့သက်သက်တစ်ခုထဲအတွက်
ကလိမ်ကကျစ်ဆိုရင်တောင်
ကကြီးနဲ့လိမ်ပြီး ကကြီးနဲ့ပဲ ပြန်ကျစ်ခဲ့ပါရဲ့
စိုက်ဝင်နေတဲ့ တစ်ဆုံးသောဓါးသွားဟာ
မုန်းတီးရွံရှာမှုတွေနဲ့မြေ့နေဆဲ ။

ခံစားချက်တွေ ပြင်းလှချည်လားဗျ။

လင်းဒီပ said...

ရေးလို့ကောင်း ဖတ်လို့ကောင်းပေမယ့် ဖြတ်သန်းရခြင်းဟာ အတော် ပင်ပန်းပါရဲ့...။

mgphonemyint said...

ီဒိုင်ယာရီကို ဂရုတစိုက် သတိထားပြီးဖတ်လိုက်
တယ်...။

MANORHARY said...

ဒိုင်ယာရီစာမျက်နှာတပိုင်းတစကို
ဖတ်သွားပါတယ်။

မယ့်ကိုး said...

ရေးလို့ ကောင်းရုံပဲဆိုတာတောင် ဒိုင်ယာရီထဲက အသုံးအနှုန်းတွေ ကောင်းလွန်းတယ်။ :)

သက်ထွန်းညိမ်း said...

အရိပ်တွေထဲမှာမှ ရင်ရဲ့အရိပ်က
ဖွဲမီးလို တငွေ့ငွေ့ကျွမ်း
အဲဒီရင်ကို ပိုင်ဆိုင်မိနေတာ
မီးခိုးတောင်တအူအူလွင့်လို့ပါ ကိုအိုင်ရေ
မင်္ဂလာပါခင်ဗျာ

အဖြူရောင်နတ်သမီး said...

“ဒိုင်ယာရီ”...ဆိုတဲ့ စာတန်းကြောင့်....
မဖတ်ပဲ မနေနိုင်လို့....ဖတ်ဖြစ်လိုက်တယ်.....
“ဒိုင်ယာင်္ရီ”...နဲ့ ပါတ်သက်ပြီး...
ရာဇဝင်တွေ...ရှိနေဖူးလို့ပါ....
သိပ်ကောင်းတဲ့...“ဒိုင်ယာရီ” ပါပဲ....