မျက်မမြင်ဂီတ

မဆုံတဲ့လမ်း
လျှောက်လှမ်းလင့်လည်း
နင့်နင့်နဲနဲ
လွမ်းနေဆဲလေ
အာရုံတွေမှာ
နေညိုလာလျှင်
ပုလွေအိုနဲ့ကြိုနေဆဲ ။

အိုင်လွယ်ပန်
(ကျောင်းတုန်းကသူငယ်ချင်းတစ်ယောက်နဲ့ ထုတ်ဖြစ်တဲ့
လက်ရေးကဗျာစာအုပ်လေး တစ်အုပ်မှာရေးခဲ့ဖူးတဲ့ကဗျာလေးပါ)

7 comments:

ဆောင်းယွန်းလ said...

မဆုံတဲ့လမ်းတဲ့လားညီလေး
ကဗျာကိုဖတ်ပြီး
အကို့မျက်စိထဲပုံရိပ်တခုကို မြင်ရသလိုပဲ

မယ့်ကိုး said...

မဆုံတဲ့လမ်းတဲ့လား။
ကာရန်နဲ့  ကဗျာလှလေးဖတ်သွားပါတယ်။ ကောင်းသောနေ့ ပါရှင် :)

mgngal said...

ကာရန် ကဗျာလေး တယ်မိ ။ အဟောင်းတွေ ပြန်သစ်ရတာလောက် လတ်ဆတ်သွားတာ ဘာမှ မရှိဘူး ။

သက်ထွန်းညိမ်း said...

ပုလွေတောင်အိုပြီဆိုမှတော့
ကိုအိုင် ခင်ဗျားအသက် မငယ်တော့ဘူးး)

လင်းဒီပ said...

မျက်မမြင်ဂီတဆိုတော့ လွမ်းရလွန်းလို့ အလွမ်းတိမ်တွေဖုံးပြီး မျက်လုံး ကွယ်သွားတာဖြစ်မယ်။
မျက်မမြင်ဂီတသမားလေးက ညနေညိုမှာ ပုလွေအိုလေးနဲ့ တေးဖွဲ့နေပုံက လွမ်းဖွယ်...။

Eaindra said...

ဖတ်သွားတယ် အိုင်လွယ်

ဖြိုးငယ် said...

ကောင်းတုန်းတည်းကကို လက်ရာကောင်းတာပါလား