ဂီတ

ပင်လယ်အတု
ရေမှုန်တွေ လေထဲလွင့်နေပုံက
တိုးတိုးညှင်းညှင်း
လေတွေဟာ ခရီးရှည်ဖြတ်လာခဲ့သလို မျိုး
လှိုင်းတွေ မလတ်ဆတ်တော့ဘူး ။

မျက်လုံးကိုမှိတ်
ဟိုးအဝေးဆီက
အငွေ့အသက်တွေကို
အုံ့အုံ့ ဖွဖွ ကြိုနေမိတယ် ။

မေမေရေ !
ဘယ်သူနာကျင်စွာ တီးနေတဲ့
လက်ခုပ်သံလဲ … ။။

အိုင်လွယ်ပန်

11 comments:

သက်ထွန်းညိမ်း said...

မျက်လုံးကိုမှိတ်
ဟိုးအဝေးဆီက
အငွေ့အသက်တွေကို
အုံ့အုံ့ ဖွဖွ ကြိုနေမိတယ် ။

အတူတူပဲး)

Unknown said...

နာကျင်စွာတီးခတ်နေတဲ့
လက်ခုပ်သံ ဂီတလေးများ...လှပနိုင်ပါစေ..
အကိုရေ.........................................

အိန္ဒြာ said...

အိုင်လွယ်ရေ..

နိုင်မွန်အောင်သွင့်လက်ခုပ်သံဖတ်ပြီး..
လက်ခုပ်သံကိုနာနာကျင်ကျင်ကြားယောင်နေတာ...

အိုင်လွယ်..တိုင်တည်လိုက်သံကပါ ရင်ထဲထပ်စိုက်သွားခဲ့တယ်..

ဆောင်းယွန်းလ said...

နာနာကျင်ကျင်တီးခတ်နေတဲ့ လက်ခုပ်သံ...

နာနာကျင်ကျင်ပါပဲညီလေးရေ

စိုင်းလောဝ်ပိန်း said...

နောက်ထပ်နာကျင်တဲ့ လက်ခုပ်သံတွေ မရရှိပါစေနဲ့ဗျာ။

Love-match said...

ဂွတ်လှပေတယ် ကဗျာဆရာ။ မော်ဒန်မဖြစ်ဖြစ်အောင် ပြွှတ်သိပ်ထားတဲ့ စကားလုံးဖန်တီးမှုကဗျာတွေထက် ရိုးသားတဲ့ စကားလုံးလေးတွေကို ခိုက်တယ်။

မယ့်ကိုး said...

လက်ခုပ်သံ နာနာကျင်ကျင်နဲ့ ဂီတကို လာနားထောင်သွားပါတယ်။
ချမ်းမြေ့ပါစေ။ ဒီလိုပြောလို့ ဆုတောင်းဆိုတဲ့လူလည်း ချမ်းမြေ့တယ်မထင်ပါနဲ့....ကဗျာထဲကအတိုင်း .......

လင်းဒီပ said...

ခံစားမိတယ်...။
သဘာဝအတုတစ်ခုထဲကို အပန်းဖြေဖို့ရောက်သွားရင်း
စိတ်တွေ တကယ် အညောင်းဆန့်လို့မရတာ...။

MANORHARY said...

လက်ခုပ်သံတွေက
နှလုံးသားကိုဖြတ်ဖြတ်တိုက်သွားတယ်မေမေ
လျှောက်ခဲ့ရတဲ့လမ်းက လှိုင်းတွေထန်လွန်းတော့
လက်ခုပ်သံတွေကို မနာခံနိုင်တော့တာဆန်းသလား
တရားသဖြင့်ပါပဲ....
အားလုံးကို ခန္တီစတရားထဲပစ်ထည့်ထားလိုက်တယ်။

mgngal said...

အဲဒီ ဂီတ ကို နာနာကျင်ကျင် နားဆင်သွားပါတယ် ။

Unknown said...

http://thiha-ucsm.blogspot.com/2010/02/blog-post.html