ခင်ဗျားအပြုံးက သိပ်လှနေတယ်

အရိပ်တွေ ဖာထေးချင်လို့
ကမ္ဘာပေါ်ကို ထွက်ကျကာစ က
မျက်နှာဖုံးမျိုး ပြန်ရှာပေးပါ
တောင်းခံသံ ကိုက
မျက်နှာဖုံးတပ်ထားတယ် ။

အမေးရှိရင် အဖြေရှိသတဲ့
လက်နက်တွေဒဏ် ကာကွယ်ဖို့အတွက်
ထွက်ပြူလာခဲ့တဲ့ ဒိုင်းတစ်လက်
ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ယောက်ရဲ့လက်မှာ
သေသေဝပ်ဝပ် ကပ်တွယ်လို့
ဒီတစ်ခါ မလွဲနိုင်တော့ဘူး ဆိုတဲ့ဓါးက
ခုတ်ရာတစ်ခြား ရှရာတစ်ခြား မဖြစ်စေဖို့
ခုတ်ရမယ့်အရေး ရှရာတွေ လိုက်ရှာနေရဆဲ ။

နီးနေရင် မလှုပ်တတ်တဲ့ လွမ်းဆွတ်ပဲ့တင်
အဝေးရောက်တော့ ခတ်လှိုင်းများတယ်
အဲသလိုပေါ့
သဘာဝ ဆိုတဲ့ကောင် လူတောတိုးလျှက်နဲ့က
အများတံတွေးခွက်ထဲ မျောခဲ့ရပုံ ။

ဘာအလိုရှိပါသလဲ
ရ ရမှာပေါ့ဗျာ
လိုတရ ရောင်စုံ ဈေးကွက်တွေ
အပြန်အလှန် တွန်းထိုး လုယက်
အတက် အလက် အခက် အရွက် များနဲ့
ကမ္ဘာကြီး ထဲက ဒါဏ်ရာ ဒါဏ်ချက် တို့ လှပခဲ့ ပေရဲ့ ။

မှားကာမှမှား
မှားပါပြီ ခဏခဏ မအော်တော့ဘူး
အမှားတွေကို အားနာတယ်ဆိုတဲ့ ဒီဇာတ်လည်း
ဒီအရပ်မှာပဲ တဝဲလည်လည်
ငြိမ်းချမ်းပါစေ ဆိုတဲ့ အသံ
လူသားအားလုံး ကျယ်ကျယ်လောင်လောင်ကြားရစေဖို့
အသံချဲ့ စက်ထဲ ကိုယ်ကိုချုံ့ပြီးဝင်သွားတယ် ။

အနိစ္စ တဲ့
လုံးလည်မှာ ချာလည်လိုက်ကာမှ
ပြူးချင်ပြူး ပြဲချင်ပြဲ
…………………….
……………………..
ကဲ …
မိတ်ဆွေတို့ရေ
ပြောကောင်းနေတုန်း တော့
ရယ်ရယ်ပြုံးပြုံး ။။

အိုင်လွယ်ပန်

11 comments:

pandora said...

ဖတ်သွားပါတယ်... ပြီးတော့ ကဗျာခေါင်းစဉ်ကို တခါ ပြန်ဖတ်။

ခေါင်းစဉ်ကို တော်တော်ကြိုက်တယ်

စိုင်းလောဝ်ပိန်း said...

ခုတ်ရမယ့်အရေး ရှရာတွေ လိုက်ရှာနေဆဲ
ဆိုတာလေး ကြိုက်တယ်ဗျာ။
ရယ်ရယ်ပြုံးပြုံးပေါ့။ :D

အိန္ဒြာ said...

အရိပ်တွေ ဖာထေးချင်လို့
ကမ္ဘာပေါ်ကို ထွက်ကျကာစ က
မျက်နှာဖုံးမျိုး ပြန်ရှာပေးပါ
တောင်းခံသံ ကိုက
မျက်နှာဖုံးတပ်ထားတယ် ။

အမေးရှိရင် အဖြေရှိသတဲ့
လက်နက်တွေဒဏ် ကာကွယ်ဖို့အတွက်
ထွက်ပြူလာခဲ့တဲ့ ဒိုင်းတစ်လက်
ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ယောက်ရဲ့လက်မှာ
သေသေဝပ်ဝပ် ကပ်တွယ်လို့
ဒီတစ်ခါ မလွဲနိုင်တော့ဘူး ဆိုတဲ့ဓါးက
ခုတ်ရာတစ်ခြား ရှရာတစ်ခြား မဖြစ်စေဖို့
ခုတ်ရမယ့်အရေး ရှရာတွေ လိုက်ရှာနေရဆဲ ။

နီးနေရင် မလှုပ်တတ်တဲ့ လွမ်းဆွတ်ပဲ့တင်
အဝေးရောက်တော့ ခတ်လှိုင်းများတယ်

အပြန်အလှန် တွန်းထိုး လုယက်
အတက် အလက် အခက် အရွက် များနဲ့
ကမ္ဘာကြီး ထဲက ဒဏ်ရာ ဒဏ်ချက် တို့ လှပခဲ့ ပေရဲ့ ။

အဲဒါတွေ တော်တော်ကြိုက်တယ်ဟ..

ဆောင်းယွန်းလ said...

နီးနေရင် မလှုပ်တတ်တဲ့ လွမ်းဆွတ်ပဲ့တင်
အဝေးရောက်တော့ ခတ်လှိုင်းများတယ်
အဲသလိုပေါ့
သဘာဝ ဆိုတဲ့ကောင် လူတောတိုးလျှက်နဲ့က
အများတံတွေးခွက်ထဲ မျောခဲ့ရပုံ ။

ဟုတ်ပါ့ညီလေးရေ..
ကဗျာတွေကတော့အမြဲတမ်းကောင်းနေတော့တာပါပဲ
ဒီကဗျာလည်းကြိုက်တယ်

နွေညို said...

နီးနေရင် မလှုပ်တတ်တဲ့ လွမ်းဆွတ်ပဲ့တင်
အဝေးရောက်တော့ ခတ်လှိုင်းများတယ်
. . . . . .

အဲ့စာသားလေးတွေ သဘောကျတယ် ကိုအိုင်လွယ်ရေ

MANORHARY said...

နီးရင်မလှုပ်တတ်တဲ့လွမ်းဆွတ်ပဲ့တင်
အဝေးရောက်တော့ ခတ်လှိုင်းများတယ် ...တဲ့လား
ကမ္ဘာကြီးထဲက ဒါဏ်ရာဒါဏ်ချက်တွေကိုက
လှပနေခဲ့လေတော့ ............

HAPPY CLOUD said...

သုံးထားတာလေးတွေ လန်းတယ်ညီရေ...
တကယ်ကိုပဲ...
ဖိုးမောင်

မယ့်ကိုး said...

အပိုဒ်တိုင်းကို ကြိုက်ပါတယ်။ လန်းလွန်းအား ကြီးလို့ ခေါင်းစဉ်ကို ကြောက်ပေမယ့် မပြုံးဘဲ မနေနိုင်ပါဘူး =)

Unknown said...

ကိုအိုင်ရေ ရေးပုံတွေလှတယ်ဗျာ့ ကောင်းသောနေ့ဗျာ :)

လင်းဒီပ said...

ခင်ဗျားက ပြောကောင်းနေတုန်းတော့ ရယ်ရယ်ပြုံးပြုံး
ကျွန်တော်တော့ ပျော်ကောင်းနေတုန်းတော့ ရယ်ရယ်ပြုံးပြုံး အနိစ္စရဲ့ ခမ်းနားမှုကို မသိကျေးကျွန်ပြုနေပုံ..။

summer said...

မှားကာမှ မှား..မှားပါပြီ ခဏခဏ မအော်တော့ဘူး..အမှားတွေကို အားနာတယ်ဆိုတဲ့ ဒီဇာတ်လည်း ဒီအရပ်မှာပဲ တ၀ဲလည်လည်....

ကဗျာလေးတွေ အရမ်းကြိုက်လို့ Link ယူသွားပါတယ်ရှင်..။