စာမျက်နှာတိုင်းရဲ့
ဆွဲယူ အပစ်ပေါက်ခံနေ့ရက်များဟာ
မျက်နှာပေါ် စင်းစင်းလှဲနေတဲ့
အခြယ်သ ခံ အပြုံးတုပေါ်မှာ ။
ပုံစံခွက်အိပ်မက် အသေတွေသာ
တစ်သွေးတစ်မွေး ဖူးပွင့်ခဲ့သူပါ
ချည်ပြီးတုပ်ပြီးသား ကံစီမံရာ ။
အမြဲလိုလို
ကိုးဆယ်ဒီဂရီ ပြန်ပြန်ဖြစ်ဖို့
ခဲ အဆွဲခံထားရတဲ့
မထွေးနိုင်မအံနိုင် ခန္ဓာ
ချီးမွမ်းထောပနာ သံများကြား
သေသေချာချာ
တေးမှတ် ထားလိုက်တဲ့
ဒီဘဝ ဒီမျှသာ .. ။။။
အိုင်လွယ်ပန်
(အဟောင်းလေးပါပဲ .. ပြန်ရေးကြည့်ထားတာပါ :))
Subscribe to:
Post Comments (Atom)
10 comments:
ပစ်တိုင်းထောင် အဟောင်းလေးကို ပထမဆုံး အသစ်အဖြစ်လာဖတ်တာ ကျွန်ုပ်ဖြစ်ပါသည်။ ဟိဟိ
ပစ်တိုင်းထောင်ကို ဒီလိုရှုထောင့်က ကြည့်လိုက်တော့ နာကျင်စရာ။
ပစ်တိုင်းမထောင်ချင်လည်း ထောင်နေရတဲ့ဘဝ။
သံသရာ။ =(
ဒီလိုနဲ့ပဲတို့တွေလည်းပြန်မတ်ခဲ့ရ
ခဲဆွဲထားသလိုဝန်နဲ့လေးလံနေနဲ့ဘဝကြီးမှာ..
....
but anyway, we should thank GOD for it coz we have to get up again and again in our lives and we can get up everytime we down , isn't it ??
မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်သွားတယ် ၊ ငယ်ငယ်က ကစားခဲ့တဲ့ ပစ်တိုင်းထောင်လေးတွေကို ။ ကျုပ်တို့ လည်း ပစ်တိုင်းထောင်တွေလိုပါပဲလားဗျာ ။ ပြန်ထဖို့ ပဲကြိုးစား နေနေရတယ် ။
ကဗျာလေး ကောင်းတယ်ဗျာ ကိုအိုင် ။
အဟောင်းလေးဆိုပေမယ့် စကားလုံးတွေက သစ်လွင်နေဆဲပဲဗျို့ ...
မျက်နှာသေအပြုံးကြီးနဲ့ပဲ လောကကို ပြန်ပြန်ပြုံးပြပြီး ထူမတ်နေရတာ...
ဘယ်လိုဘဲဖြစ်ဖြစ် ပြန်လည်ထောင်မတ်နေနိုင်တာကိုက ဖြေသိမ့်စရာ တစ်အခုအဖြစ်ပေါ့။
ိစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ပစ်လိုက်တိုင်ထောင်နေဖို့ပါပဲ ကိုအိုင်ရေ
ပစ်လိုက်တိုင်း ထောင်နေဖို့ပါပဲ ....
ကောင်းသောနေ့ပါဗျာ :)
နောက်ထပ်အမြင်တစ်မျိုးပေါ့... နှစ်သက်မိတယ် အတွေးလေးရော အရေးလေးရော...
အမြဲလိုလို
ကိုးဆယ်ဒီဂရီ ပြန်ပြန်ဖြစ်ဖို့
ခဲ အဆွဲခံထားရတဲ့
မထွေးနိုင်မအံနိုင် ခန္ဓာ
ချီးမွမ်းထောပနာ သံများကြား
သေသေချာချာ
တေးမှတ် ထားလိုက်တဲ့
ဒီဘဝ ဒီမျှသာ
ကဗျာလေးကိုကြိုက်တယ်ညီလေးရာ...
Post a Comment