အက်ရာ ဗရပွနဲ့ကောင်မို့
ညည်းညူခြင်းတို့ သံကြောင်ထွက်ခဲ့ရ ။
နားမခံသာဘူးဆိုတဲ့ လက်တွေရေ !
ထုမယ်နှက်မယ် ဆိုမှတော့
နားတွေ ခဏလောက်
ပင်း ထား ပေး ပေါ့ ။
အနိမ့်လွန်နေတဲ့မြေပါ
လှံတင်မဟုတ် ဘာလာလာ
သာသာယာယာ စိုက်ဝင်ရဲ့ ။
သိပ်လည်း အားမစိုက်ကြပါနဲ့ကွယ်
ခင်ဗျားတို့ မောမှာ စိုးမိတယ် ။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
11 comments:
ีကျနော် ကဗျာတွေ လာဖတ်သွားပါတယ်..
နှစ်သက်လို့ လင့်ယူသွားပါတယ်
ကျနော့ဆီလာလည်တာ ကျေးဇူး...
ဒီမောင်းကွဲကြီး အဖြစ်က တော်တော်ဆိုးပါလားနော် ။ ကိုအိုင်ကတော့ မောင်းတောင် အလွတ်မပေးပါလား ။ ကဗျာရေးတာ ပြောပါတယ် ။ :P
ခံစားပြီး ရင်ထဲရောက်တယ်ဗျ ။
Reading your blog from head to tail, love your poems.
ညည်းညူခြင်းများပင်သံကြောင်ထွက်ခဲ့ရ
ဟောသည်မြေကနိမ့်လွန်းတယ် ...
အားမတန်မှတော့ မာန်လျှော့ရစမြဲ ..
မကြာခဏဝဲကျလာတဲ့လှံတွေကိုသာ
အားနာပါးနာနဲ့ ..ထုံပေပေကြည့်နေခဲ့ရတော့တယ် ...
ကိုအိုင်လွယ်ရေ . . .အားမလျှော့စတမ်းပေါ့ . . . မောင်းကွဲလဲ မောင်းကွဲအလျောက် အသံမြည်တာပဲမဟုတ်လား . . .
ကဗျာလေး ကြိုက်တယ်ဗျာ
အက်ရာဗရပွနဲ့မောင်းကို
လာတီးကြည့်တာ
ကျုပ်တို့အတွက်
အသံကတော့ ချိုသလိုလိုပဲဗျ
း)
မောင်းကွဲရဲ့ အသံက ချိုလွန်းလိုက်တာ..
ကောင်းသောနေ့ပါရှင် =)
အနိမ့်လွန်နေတဲ့မြေပါ
လှံတင်မဟုတ် ဘာလာလာ
သာသာယာယာစိုက်ဝင်ရဲ့.....
နောက်ထပ်ဘာလာလာစိုက်ဝင်ဦးမယ့်မြေပါပဲညီလေးရေ
အိုင်လွယ်ရေ...
တိုက်ရိုက်ထိတယ်
ကောင်းပါပြီဗျာ ဖြည်းဖြည်းပဲ ထုနှက်ပါမယ်..:P
မောင်းကွဲလေး လာထုတယ်။ အဲ...လာဖတ်တယ်။
Post a Comment