ကံကို ယုံတဲ့ ခြေထောက်တွေကို
မုန်းတယ် ...
ဆူး တစ်ချောင်းရဲ့ ညည်းသံ ။
ရပ်ကြည့်နေရင်း ဝေးဝေးသွားတယ်
ပြေးလိုက်ကြတယ်
တစ်ပတ်အလည်ကို ပြန်စောင့်ကြတယ်
မသိချင်ယောင် ဆောင်ကြတယ်
သိချင်ယောင် ဆောင်ကြတယ်
ကမ္ဘာ ကြီးက လှတယ် ။
အိမ်ဆောက်ဖူးခဲ့
သောင်စပ်မှာကို ကျကျနန ဆောက်ခဲ့ တာ
လှိုင်းတွေက မကောင်းဘူး တဲ့ နေရင်းထိုင်ရင်း
အမှောင် ......
ကဲပါ တစ်ဖက်ထဲ လုပ်မနေနဲ့
ကန်းပြီဆိုမှတော့ စုံလုံးပေါ့ ။
အပြောကျယ်တဲ့ ပါးစပ် တွေထဲမှာ
အပြောကျယ်တဲ့ ပင်လယ်ကြီး တွေ့လိုက်ရ
ငါ ...
ငါ ...
ငါ ...
ငါ တွေ စုဝေးနေထိုင်ရာ အရပ်
ငါအချင်းချင်း ဝံသာနုရက္ခိတ သိပ်များရဲ့ ။
မိုးပေါက်တွေ တစ်စက်ခြင်း
မြေပြင်ကို ရိုက်ခတ်ကန်တက်
မိုးထဲ ရေထဲ သော့တစ်ချောင်း ကောက်ရတယ်
ဘာကို ဖွင့်လိုက်ရမလဲ
စိတ်တွေ .... ။
သိပ်ချဉ်တာပေါ့ ဗျာ
ကျွန်တော့် ငါးချဉ် စစ်စစ်ပါ
အဲသလို
ပေကျံ ခဲ့တယ်
အဲဒါကို
ရေးကြီးခွင်ကျယ် လုပ်မိတယ်
ဇာတ်လမ်းက အဲဒီလောက်ပါပဲ ။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
6 comments:
တခန်းရပ်ကိုလာကြည့်တာညီလေး
ငါအချင်းချင်း ဝံသာနုရက္ခိတတွေ သိပ်များရဲ့...တဲ့ ဟုတ်ပါ့ညီလေးရာ
လူပြောများတဲ့ စကားပုံတွေ စာလုံးတွေကို ဖောက်ထွက်ထားတဲ့ စကားလုံးတွေက သိပ်လှတယ်။
ငါ တွေ စုဝေးနေထိုင်ရာ အရပ်
ငါအချင်းချင်း ဝံသာနုရက္ခိတ သိပ်များရဲ့ ။
ဆိုတာလေး အရမ်းကြိုက်တယ်။
ကောင်းသောနေ့ပါရှင် =)
သိပ်ချဉ်တာပေါ့ ဗျာ
ကျွန်တော့် ငါးချဉ် စစ်စစ်ပါ
အဲသလို
ပေကျံ ခဲ့တယ်
ဆိုတာလေးကို သဘောကျမိတယ်...
တစ်ပုဒ်လုံးကအတွေးအခေါ်တွေ အားရပါးရကိုနှစ်ခြိုက်သွားပေါ့...
တစ်ခန်းရပ်ဇာတ်တွေနဲ့
ကျေကျေနပ်နပ်ကြီးဇာတ်သိမ်းပစ်လိုက်ရ
ဖွင့်ခွင့်မရလိုက်တဲ့သော့တစ်ချောင်းနဲ့
ပွင့်ခွင့်ဝေးခဲ့တဲ့စိတ်တံခါးတစ်ချပ်
မိုးရေအောက်မှာရပ်နေကြတယ်..
တစ်နေရာစီ..............
ေ၇းကြီးခွင်ကျယ်လုပ်မိတဲ့ ဇာတ်လမ်းလေး လာဖတ်ပါတယ်။
အတွေးကောင်းလေးတွေအတွက် လေးစားပါတယ် အကိုရေ.......
ညီရေ တစ်ခန်းရပ်ဆိုပေမဲ့....
ပတ်ဝမ်း ပတ်တူးတွေများ ရှိနေမလား...
စိတ်တွေဖွင့်ဖို့ သော့ရရင် ဘ၀မှာ နေချင်ပါတော့မလား...။
စိတ်တွေတိုင်းမှာ အမာရွတ်တွေ အနာတရတွေ နဲ့...
မသိခြင်းဆိုတာကိုက အဖိုးအတန်ဆုံးအရာဖြစ်နေသလား...
တွေးတွေပွားသွားတယ်ညီရေ...
ဖိုးမောင်
Post a Comment