ဟာသ (၅)

ဖြစ်လာနိုင်သေးတာပဲ
ဘာလို့များ
တနုံ့နုံ့ ကြေကွဲဦးမလဲ ။

ဖြစ်မှ ဖြစ်မလာနိုင်တော့တာပဲ
ဘာလို့များ
တနုံ့နုံ့ ကြေကွဲဦးမလဲ ။

နေပျော်ပါတယ်ကွယ်
တနုံ့နုံ့ ။

အိုင်လွယ်ပန်

9 comments:

ဖြိုးငယ် said...

တနုံ့နုံ့နဲ့ ခံစားသွားတယ်ဗျာ ..

Angel Shaper said...

အင်းးးးးးး
တနုံ့ နုံ့ နဲ့ ကို နေပျော်အောင် ကြိုးစားနေပါတယ်။
တနုံ့ နုံ့ ပေါ့။

စိမ်း... said...

ဟေ ခုမှပဲ ပြောချင်တဲ့စကားလုံးကို ရှာတွေ့တော့တယ်... ဟုတ်ပါ့.. ဟုတ်ပါ့... တနုံ့နုံ့ကြီးကို နေပျော်တာ.... သိပ်မှန်တာပေါ့... :)

စိုင်းလောဝ်ပိန်း said...

ဘယ်ဘက်လှည့်လှည့် နေတတ်ရင် နေပျော်ပါတယ်ဗျာ
ဟာသ ကဗျာတွေ ကြိုက်တယ်ဗျာ။

MANORHARY said...

နေပျော်ပါတယ်ကွယ်
တနုံ့နုံ့နဲ့...
တနုံ့နုံ့ကြေကွဲမှုတွေကို
အရောင်ပြောင်းပစ်လိုက်တော့
ကြေကွဲမှုတွေက အရောင်အသစ်နဲ့ ပိုပြီးသစ်လွင်တောက်ပလာခဲ့
တရရ နဲ့ ပိုကြေကွဲလာ..

ဖြစ်မှဖြစ်မလာနိုင်တော့တာပဲ
ဖြစ်လည်းဖြစ်လာနိုင်သေးတာပဲ
ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းစည်းရိုးတွေကြား
မျှော်လင့်ခြင်းကြိုးကွင်းတွေနဲ့ တနုံ့နုံ့...
....

အိန္ဒြာ said...

တနုံ့နုံ့..

နုံချာလွန်းခဲ့တာလား..ငါ့ကိုက..

နှုံးနေပြီ..။

ဆောင်းယွန်းလ said...

နေပျော်တာတောင်မှ
တနူံ့နူံ့တဲ့လား...
တနူံ့နူံ့ခံစားနေရခြင်းများထဲမှာ
မျှော်လင့်ခြင်းကိုလည်း တနူံ့နူံ့နဲ့ ထပ်ပြီးမျှော်လင့်နေရသလိုပါပဲ

က+ဗျာ+လှည်း said...

ဖတ်ပျော်ပါတယ်ကွယ်.... တနုံ့နုံ့။ :D

မရောက်တာကြာပြီ။ ဒီနေ့ အားခဲပြီး လိုက်လည်တာဗျ။
ပျော်ရွှင် အဆင်ပြေပါစေဗျာ။

သဇင်ဏီ said...

တိုတိုလေးနဲ့ထိတယ်ဟ...