ဝေး

ပြောရင်း ဆိုရင်းပဲ
မိုးတွေက
ရွာကျလာခဲ့ ။

ဖျပ် ကနဲ
ကြက်ဥတစ်လုံး ကွဲသွားတယ်
ရှည်ချင်နေတဲ့ စိတ်ကို ဆွဲဆန့်ပစ်လိုက်ဖို့ရာ
စိတ် က အစရှာမရ
လာခြင်း မကောင်းခဲ့တာပါ
လာ … ခြင်း … မ … ကောင်း … ခဲ့ … တာ … ပါ … ကွယ်
အဲသလို
ပြောရ ဆိုရတာ ကိုက မကောင်းခဲ့ဘူး ။

အဆုံးမသတ်ချင်ပါ
ဒီစကားဟာ
မစခဲ့ရင် အကောင်းသားလို့
သွယ်ဝိုက် လိုက်တာ ဖြစ်ကောင်းဖြစ်မယ်
ကွက်လပ် ထားခဲ့လိုက်ရဲ့
သင့်တော်သလို ဖြည့်တွေးပါ ။

ကိုယ့် ကံကြမ္မာ ကိုယ်ဖန် မယ်လို့ ပြောတဲ့ နေ့က
သူဌေး ဖြစ် ခွေးဖြစ် ဆိုတဲ့ စကားကို
ဒိုင်ယာရီထဲက အူယားဖားယား ပြန်ဖျတ်လိုက်ရ
အလင်းတစ်စ နာလန်အထမှာ
နဖူးပေါ်မှာ လာရောက် ကိုက်ခဲတဲ့ ခြင်တစ် ကောင်ကို
လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တယ် ။

ခွဲ .. ခွါ … ချိန်
နှုတ်ခမ်းဖျား လေးဟာ
ပစ်ဖောက်ကာနီး ကျည်တစ်တောင့် လို
လတ်ဆတ် အုံ့ရီ လို့
ပျော်နိုင်ပါစေ !!!
မျက်ရည်စ တွေနဲ့ အဲသလို ပြောလိုက်သံမှာမှ
ဟာသ က အသက်ပိုဝင်လာခဲ့ပေါ့ ။

ငိုပါ ရီ (ရယ်) ပါ
ငိုရီ (ရယ်) ၊ ငို ရီ (ရယ် ) ပေါ့
ကောင်းကင် နဲ့ မြေကြီးကြား
နှလုံးသား အသားမာ တွေ အထပ်ထပ် နဲ့
ပြောရင်း ဆိုရင်းပဲ
မိုးတွေက
ရွာကျလာခဲ့တယ် ။

အိုင်လွယ်ပန်
(မူးမူး နဲ့ ရင်ဖွင့် နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အပ်ကြောင်းထပ် ကို နားထောင်ရင်း အိပ်မရတဲ့ အဆုံး ရေးမိတာပါ :D )

11 comments:

mgphonemyint said...

ဒီမိုး ကတော့ မစိုစွတ်ကောင်းဘူး ဖျားမှာ နာမှာ ကြောက်လို့ .. ခဏခဏ ဖျားပါများတော့ မိုးထဲရေထဲ မသွားချင်တော့ဘူး..း)

Anonymous said...

ဘယ်နေ့ လာငိုရဦးမလဲ မသိဘူး...
မိုးတွေကလည်း ရွာလိုက်တာနော်

MANORHARY said...

တစ်ကိုယ်စာရွာသောမိုးတွေ
တစ်ကိုယ်စာဖျားနာနေခဲ့ပြီ ..

မြရေလျဉ် said...

သူများအတွက် မိုးကို နင်က အငှားဝင်ရွာပေးနေတုန်း
ငါရောက်လာတယ်
ငါ့ရင်ထဲကိုလည်း နင့်ကဗျာထဲက မိုးတွေ နည်းနည်း စင်တယ်..။

မြရေလျဉ် said...

သူများအတွက် မိုးကို နင်က အငှားဝင်ရွာပေးနေတုန်း
ငါရောက်လာတယ်
ငါ့ရင်ထဲကိုလည်း နင့်ကဗျာထဲက မိုးတွေ နည်းနည်း စင်တယ်..။

သက်ထွန်းညိမ်း said...

ပြောရင်း ဆိုရင်းပဲ
မိုးတွေက
ရွာကျလာခဲ့တယ် ။
နှလုံးသားအသားမာတွေအထပ်ထပ်နဲ့
မိုးရွာတာ မဖြစ်နိုင်ဘူး ။

မယ့်ကိုး said...

ပျော်နိုင်ပါစေ !!!
မျက်ရည်စ တွေနဲ့ အဲသလို ပြောလိုက်သံမှာမှ
ဟာသ က အသက်ပိုဝင်လာခဲ့ပေါ့ ။....

ဒီဟာသက အထိအနာဆုံးပါပဲ ....

က+ဗျာ+လှည်း said...

မျက်ရည်စ တွေနဲ့ အဲသလို ပြောလိုက်သံမှာမှ
ဟာသ က အသက်ပိုဝင်လာခဲ့ပေါ့ ။

ကိုယ်က ရေရေလည်လည် ခံစားချက် မိနေပေမယ့်... ဟားတိုက်ခံရရင် ခံစားရခက်သဗျို့...။ ဟတ်ဟတ်။ ကိုယ်တွေ့တော့မဟုတ်ပါဘူး။ သူများတွေ့။ :)

လင်းဒီပ said...

ရင်ထဲ မိုးတကယ်ရွာလာတဲ့အခါ ရှောင်လို့ကွင်းလို့ မလွတ်တော့ဘူး...ကိုယ်အတွက်တော့ ရွာမိသမျှ မိုးစက်မှန်သမျှ အသစ် အသစ်တွေပါပဲ...တခြားသူတွေအတွက်တော့ ဟောင်းနေပေါ့ကွယ်

ဆောင်းယွန်းလ said...

ကဗျာလေးခံစားသွားပါတယ်ညီလေးရေ

သဇင်ဏီ said...

ကဗျာဖတ်သွားတယ်..
နောက်ဆုံးကွင်းစကွင်းပိတ်ထဲကစာကိုဖတ်ပြီးတော့မှ
:) ဖြစ်ရမယ် လို့ :D