2012 AGAIN :)

BLOG လောက မှာ BLOGGER မောင်နှမ အချင်းချင်း ခင်မင်သမှု နဲ့ TAG ကြတဲ့ ဓလေ့ တစ်ခု ရှိပါတယ် ။
တစ်ခါတစ်လေ တော့ ရေးရခက် တဲ့အခါ မျိုးလည်းရှိတတ်ပါတယ် ။
အထူးသဖြင့် စာရေးရင် နဂို ကတည်းက အပေါက်အလမ်း မနည်း တည့်အောင်ရေး နေရတဲ့ ကျွန်တော့်
အတွက် တစ်ချို့ TAG တွေက တကယ့် ကိုရေးရခက်တတ် ပါတယ် ။
ဘာပဲဖြစ်ဖြစ်တော့ ချစ်စရာ ကောင်းတဲ့ ရင်းနှီးမှုချင်း ထုံကူးတဲ့ အလေ့အထ မို့ ပျော်စရာ ကောင်းတာတော့
အမှန်ပါ ။
အခုတလော ကျွန်တော်လည်း BLOG တွေ အရောက်အပေါက်နည်း နေပါတယ် ။အလုပ်က လည်း
နားရက်ကို ကျောက်ခဲရေပေါ် သလို မျှော်နေ ရတဲ့ အဖြစ်ကြောင့်လည်း ပါပါတယ် ။
အခု တလော TAG ဖြစ်နေကြတဲ့ ခေါင်းစဉ်က ၂၀၁၂ ပါ ။
ပထမဦးဆုံး အစ်မ အိန္ဒြာ က TAG ပါတယ် ။
TAG ကိုဖြေ ပြီး သကာလ မှ အစ်မ နှင်း က လည်း TAG ထားကြောင်း သိရပါတယ် ။
၂၀၁၂ ကိစ္စ နဲ့ ပတ်သတ်လို့ တော့ ယုံကြည်တာ မယုံကြည်တာတွေရဲ့ ခပ်ဝေးဝေး မှာ ကျွန်တော်
နေနေပါတယ် ။ရှင်းရှင်းပြောရရင်တော့ ဖြစ်လာသည်ရှိသော် ဖြစ်စေ ။မဖြစ်လာသည် ရှိသော်လည်း
ဒီအတိုင်းနေပါစေပေါ့ ။ဒီကိစ္စဟာ ကျွန်တော့်အတွက်တော့ စိတ် မဝင်စားမိတဲ့
နာမည်ကြီး စာအုပ်တစ်အုပ် တစ်အုပ်လိုပါ ။ကောင်းလား ဆိုးလား (ကျွန်တော့် တစ်ကိုယ်စာ ) ကျွန်တော်
မသိပါ ။တစ်ချက်နှစ်ချက် လှန်လှော ကြည့်ရုံမှလွဲ ပြီး ဆက်မဖတ်ဖြစ်တော့တဲ့
စာအုပ်တစ်အုပ်လိုဖြစ်နေလို့ပါ။ အဓိက တောင်းပန်ချင်တာကတော့ ကိုယ့်ကို TAG လို့ TAG ထားမှန်း
မသိလိုက်တဲ့ အဖြစ်ပါ ။
ကဲ .. အစ်မ နှင်း ရေ…
ဖြစ်လာမယ်ဆိုရင် ဆိုတဲ့ မေးခွန်းတွေကတော့ အောက်က ၂၀၁၂ မှာ ဖြေထားခဲ့ တဲ့ အတိုင်းပါပဲဗျာ ။
၂၀၁၂ ကိစ္စ နဲ့ TAG ခံ ရတော့ အရင်ရေးထား ဖူးတဲ့
ကဗျာ (၃) ပုဒ် ကို ခေါင်းထဲရောက်ပြီး ပြန်ဖတ်မိပါတယ် ။(၁) ပုဒ်ကတော့ အစ်မ အိန္ဒြာ TAG
တုန်းက တင်ပြီးပါပြီ ။အခု (၁) ပုဒ် ထပ်တင်လိုက်ပါတယ် ။ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့ ။


“ရင်ဝှက်စကား”

အရိပ် ...
စီးဆင်းသွားတာ
သာကြောင်းမာကြောင်းတောင်
မေးငေါ့မသွား ။

အဆိပ် ...
ကျီးထိုးထားတဲ့ ပန်းသီးတစ်လုံးလို
တစ်ပိုင်းတစ်စ ပန်းပုရုပ်လို
မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်လို
လမ်းမတွေက ပုံပျက်ပန်းပျက် ။

အတိတ် ...
နေသာသလိုနေပါကွယ်
နင့်နာမည်ကို
အဆင်မပြေကာမှ
ခဏခဏမခေါ်ချင် ။

အပိတ် ...
ဂရုစိုက်လွန်းမိတာပါ
တကယ်တမ်းက ပြီးနှင့်ပြီ ။။

အိုင်လွယ်ပန်
(အသိ နောက်ကျ တဲ့ အတွက် တောင်းပန်ရင်း နဲ့ TAG တဲ့ အတွက် အစ်မ နှင်း ကို အထူးကျေးဇူးတင်လိုက်ပါတယ် :D )

2 comments:

ဆောင်းယွန်းလ said...

အတိတ် ...
နေသာသလိုနေပါကွယ်
နင့်နာမည်ကို
အဆင်မပြေကာမှ
ခဏခဏမခေါ်ချင်

သိပ်မှန်တယ်ညီလေးရာ..မှတ်သားလောက်စရာပဲ..
ရွှေထီးတွေသိပ်မဆောင်းချင်ဘူးကွာ...လက်ရှိတပတ်ရစ်ထီးကလေးကိုပဲ လုံခြုံအောင်ထိန်းသိမ်းရမှာပေါ့....

Unknown said...

ကိုအိုင်ရေ စာတွေတော့လာလာဖတ်ဖြစ်ပါတယ် ခြေရာတွေတော့ချန်မထားမိတာပါ :)
မောင်ခင်လေး စာတွေပိ စိတ်တွေလေ :D
ကောင်းသောနေ့ပါဗျာ အာရုံတွေလာတဲ့ချိန် စာတွေရေးပါမယ် :)