ကောင်းကင်ရဲ့အောက်
တိမ်ရောင်တွေ တောက်တိုင်း
နှလုံးသားကို ဖိုထိုးခဲ့သူ ။
တောင်ပံ မရှိဘဲ
ပျံသန်းချင်စိတ် တွေကို
အိပ်မက် အဆက်ဆက် ထုပ်ပိုး
ဆန္ဒ မြှားတွေ အထပ်ထပ်တင်လို့
ခြေဆုံး ခေါင်းဆုံး လှုပ်ခတ်ယိမ်းနွဲ့ ။
လေရူးမလာခင်
မြူးနေတဲ့ ရွက်ခြောက်ပါ
မျှော်လင့်ခြင်းတွေ တစ်သီနဲ့
အခိုက်အတန့်လည်း
အခိုက်အတန့် အလျှောက်
မီးကုန် ယမ်းကုန် ငြိမ်းချမ်းနေခဲ့ပုံ ။။
အိုင်လွယ်ပန်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
5 days ago




9 comments:
လေရူးမလာခင်
မြူးနေတဲ့ ရွက်ခြောက်ပါ
မျှော်လင့်ခြင်းတွေ တစ်သီနဲ့
အခိုက်အတန့်လည်း
အခိုက်အတန့် အလျှောက်
မီးကုန် ယမ်းကုန် ငြိမ်းချမ်းနေခဲ့ပုံ ။။
း)
လေရူးမလာခင်
မြူးနေတဲ့ ရွက်ခြောက်ပါ
မျှော်လင့်ခြင်းတွေ တစ်သီနဲ့
အခိုက်အတန့်လည်း
အခိုက်အတန့် အလျှောက်
မီးကုန် ယမ်းကုန် ငြိမ်းချမ်းနေခဲ့ပုံ ။။
ကဗျာတွေဖတ်သွားတယ်
ကောင်းတယ်
တဒင်္ဂ
အဲဒီတဒင်္ဂလေးပါပဲ
အရာအားလုံးကို ဖြစ်တည်စေနိုင်သလို
ပျက်သုဉ်းစေနိုင်ခဲ့တာ ..
လေရူးမလာခင်
မြူးနေတဲ့ ရွက်ခြောက်ပါ
မျှော်လင့်ခြင်းတွေ တစ်သီနဲ့
အခိုက်အတန့်လည်း
အခိုက်အတန့် အလျှောက်
မီးကုန် ယမ်းကုန် ငြိမ်းချမ်းနေခဲ့ပုံ ။။
တဒင်္ဂလည်း တဒင်္ဂအလျှောက်ပေါ့....
အဲဒီတဒင်္ဂတွေပေါ်မှာပဲ ဖြစ်တည်ပျက်ပျောက်နဲ့....
အိုင်လွယ်ရေ..
သိပ်ကျစ်လစ်လှပပါပေတယ်..။
အိန္ဒြာ
လေရူးမလာခင် ရူးနေတဲ့ ရွက်ခြောက်...
မိုက်တယ်ဗျာ..
အဲဒီ
တဒင်္ဂလေးများစွာနဲ့ သီကုံးထားတဲ့ ဖြစ်စဉ် ပျက်စဉ်တွေ...။
လေရူးမလာခင် မြူးနေတဲ့ ရွက်ခြောက်...
သတ်ပုံမှားလို့ ပြန်ပြင်တာ..:P
လာဖတ်တယ်ဗျာ
မီးကုန်ယမ်းကုန်ပဲလား ကိုအိုင်
Post a Comment