ညဉ့်ငှက် (၄)

ယင်ကောင်တွေရဲ့
တောင်ပံခတ်သံ
အဲသလို
နေ့တဓူဝ သီချင်းနဲ့
ဇီးကွက် တစ်ကောင်လို
ညတွေရောက်လာမှ လင်းခဲ့ ။

မနှစ်မြို့ ခဲ့တဲ့ အသက်ရှုသံတွေဟာ
ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေ
ကောက် နေတဲ့ မြစ်တစ်စင်းမှာ
နှလုံးသား တစ်ထောက်စာ
နှလုံးသား အစုံစုံ ပါလာတယ် ။

ဆန္ဒ မပါပဲ
အလိုလို ရင်ဘတ် ကို ဖြန့်ခင်းထားရ တဲ့
တယော တစ်လက်ရဲ့ ဘဝလို
ဘိုးတံ ကျအလာမှာ
မငိုချင်လည်းငို
ငိုချင်လည်းငို ။

ကြားရရဲ့လား ...
ကြေမွနေတဲ့ ပန်းတစ်ပွင့်ရဲ့
ရှိုက်သံသဲ့သဲ့ က
တစ်ခစ်ခစ် ရယ်သံ မြည်နေပုံ ...။

အိုင်လွယ်ပန်

3 comments:

MANORHARY said...

ဆန္ဒ မပါပဲ
အလိုလို ရင်ဘတ် ကို ဖြန့်ခင်းထားရ တဲ့
တယော တစ်လက်ရဲ့ ဘဝလို
ဘိုးတံ ကျအလာမှာ
မငိုချင်လည်းငို
ငိုချင်လည်းငို ..........
................

Eaindra said...

အိုင်လွယ်ရေ..

အဲဒီ့မှာ ညရဲ့ပုခုန်းသားတွေ ညွှတ်ကျသွားလောက်အောင်
ရက်ရောလိုက်ရတဲ့ ရှိုက်သံအသေတွေ တဲ့....

ကြားရရဲ့ တယ်...
ကြေမွနေတဲ့ ပန်းတစ်ပွင့်ရဲ့
ရှိုက်သံသဲ့သဲ့ က
တစ်ခစ်ခစ် ရယ်သံ မြည်နေတာ ...။

ညဥ့်သိပ်သီချင်းမို့ ကြေကွဲတုန်လှုပ်စရာပါ..

မယ့်ကိုး said...

ကြေကွဲတယ် ...