၁၂ ရာသီ အတို အစ တွေ

ကြည့်မှန်

ခဏတာ
ကြည့်မိလိုက်တာပါ ။

ငါ့ ရောင်ပြန်က
ငါ့ကို ပြန်ဟပ်ပစ်ခဲ့ပေါ့
တစ်သံသရာစာ ...။။

လူသားဆန်ဆန်နေ့ညများ

ဒီမှာ ...
နှလုံးသားဟာ
အေးစက်စက်ကျောက်ဆစ်မဟုတ်ဘူးတဲ့ ။

ကောင်းပြီ ..
၁..၂…၃…၄…၅...
၅…၄…၃…၂…၁…
ကြိုက်သလိုရေး
ကြိုက်သလောက်ရေး
သံသရာဆိုတာကတော့လိုက်ရှည်မယ်
မှန်တစ်ချပ်လိုရောင်ပြန်ဟပ်မယ်
ဟ နေတဲ့ကြားလေးထဲမှာ ...။

မေတ္တာ

ပင်ယံထက်က
ပန်းကြွေကျမှ
နမ်းရပါလျှင်
ဖြူစင်ပေသည်
မျှော်ရည်ချိန်မှာ
လိပ်ပြာတစ်ကောင်
ငါ့အားလှောင်လျှက်
လိုချင်ရမ္မက်
တပ်မက်စိတ်ထား
နမ်းရှိုက်သွားလည်း
စောင့်မျှော်ဆဲပါ
ထိုပန်းကြွေကာကျလာမည့်အချိန် ...။

မျက်မမြင်ဂီတ

မဆုံတဲ့လမ်း
လျှောက်လှမ်းလင့်လည်း
နင့်နင့်နဲနဲ
လွမ်းနေဆဲလေ
အာရုံတွေမှာ
နေညိုလာလျှင်
ပုလွေအိုနဲ့ကြိုနေဆဲ ...။

အထီးကျန်

တစ်ကောင်ကျွေးပြီး
နှစ်ကောင်စားချင်ရအောင်
ကျားတစ်ပွဲမှမဟုတ်ခဲ့တာကွယ်
ချစ်ခြင်းတွေကိုလဲဖြန့်ခင်းလိုက်ရော
ရွာလိုက်တဲ့မယုံသင်္ကာ
မျက်ဝန်းမြှားမိုးတွေ
ချစ်ခဲ့တဲ့ဒီရင်အုံနဲ့ပဲ
ခေါက်ခေါက်သိမ်းထားဖြစ်လိုက်တယ် ..။

ပိတောက် (၁)

ဟောဒီအပြင်ဘက်တစ်ခုလုံး
အဝါရောင်တွေရောထွေး
ကေသာထက်မှာ
လှလှပပပွင့်ဝေခဲ့တာ
နေ့တွေအရေခွံလဲသွားရင်လည်း
ဆွတ်ပျံ့သင်းထုံကျန်ရစ်
ငါ့ ချစ်သူဟာဆိုရင်
အဲဒီရနံ့တွေနဲ့
ကွယ်ကွယ်ပြီးရှက်နေတော့တယ် ...။

လတ်ပတ်နာရီ

မသွားနိုင်တော့လို့
ရပ်သွားတာပါ ။

တစ်နေ့ နှစ်ကြိမ်
ပြ ပြ ဖြစ်နေဆဲ
ရင်ဘတ်ထဲက သစ္စာ ။

ချောင်ထဲမှာ ထားသွားခဲ့တဲ့
လက် ဖြူဖြူလေးရေ !
ရာသီဆက်တိုင်း မှောင်မဲနေအောင်
လွမ်း ... တယ် ...။

အူသံ

ဖြတ်သန်းရာပြနိမိတ်ရဲ့
အနုလုံ ပဋိလုံ မော်ကွန်းတစ်ရပ် ဖြစ်ချင်ဖြစ်မယ်
လောကဓံ အကိုက်ခံ ထားရတဲ့ နှလုံးသားတစ်စုံရဲ့
နာကျင်ကျေကွဲခြင်း တစ်ခုတစ်ရံစာ ဖြစ်ချင်ဖြစ်မယ်
ကမ္ဘာမြေကို ပိတ်ကားမချခင် တို့ထိနှုတ်ဆက်ခဲ့တဲ့
ဖန်ခွက်ခြင်းတိုက်သံ တစ်စွန်းတစ်စ ဖြစ်ချင်ဖြစ်မယ်
ဘယ်လိုကြားနာမှုမျိုးနဲ့
ခင်ဗျား ကျွန်တော် ဖူးပွင့်လိုက်ကြမလဲ ။

အမှောင်နက်နက်ည
ခွေးတစ်ကောင်ရဲ့ နောက်ဆုံး ဂီတ
သဘာဝတရားထဲ ဆွဲဆွဲငင်ငင် ...။

အမှောင်

ဘာကိုမှမမျှော်လင့်ခဲ့ပါဘူးဆိုပြီး
မျှော်လင့်ချက်ကို ပြန်လိမ်လိုက်မိ
အေးစက်ခြင်းတွေ ကျုံ့ဝင်မသွားစေဖို့
ညတာကိုက ရှည်လွန်းရဲ့
ဒီတစ်ခေါက်လည်း
နေအရောက် နောက်ကျလွန်းလှတယ် ...။

အနေတဲ့လက်

မှော်အဝင်လွန်နေတဲ့ကဗျာပါ
တစ်ပုဒ်လုံးပြိုပြိုကျနေ
“အမေ” ..။

ဆုတောင်း (၁)

တကယ်တမ်းက
မဖွံ့ဖြိုးလာတဲ့
ဒိုးလျှိုပေါက် စိတ်အအုံအကျင်း ။

ဒါပေမယ့်
ရေနစ်နေတာပ
မြက်တစ်ပင်ဆိုလည်း
ဆွဲမိတယ် ... ။

ဝါဒ ညစာစားပွဲအပြီး

ဘယ်အရာဟာအချိုမြိန်ဆုံးလဲ
...........။

တစ်ယောက်တစ်မျိုးဆီ
ကိုယ်ဆီကိုယ်ငှ ဖြေဆိုပြီး
ဖုတ်ဖက်ခါ ထသွားလိုက်ကြတယ် ...။

အိုင်လွယ်ပန်
( ရေးခဲ့ တဲ့ အတိုအစတွေ စုပြီး ပြန်တင်ကြည့်တာပါ )

7 comments:

နွေဆူးလင်္ကာ said...

အတိုလေးတွေကို ဟိုတစ ဒီတစ ဖတ်သွားပါတယ်

Mhu Darye said...

ဟိုတစ ဒီတစ ဖတ်တယ် ဟိုဟာ ဒီဟာလေးလည်း ကြိုက်တယ်...။
ကိုအိုင် စကားလေး အတိုင်း ပြန်ပေးမယ်.. အဆင်ပြေကြပါစေနော်..။
း)

လင်းဒီပ said...

ကြည့်မှန်
ပိတောက်(၁) နဲ့
လက်ပတ်နာရီ အကြိုက်ဆုံးပဲ..။

MANORHARY said...

မှော်အဝင်လွန်နေတဲ့ကဗျာပါ
တစ်ပုဒ်လုံးပြိုပြိုကျနေ
“အမေ” ..။

သက်ထွန်းညိမ်း said...

ပိတောက်မှာ ကျွံဝင်သွားတယ်ဗျား)
ချီးယားစ် ကိုအိုင်

တင့်ထူးရွှေ said...

အတိုအစ တွေ စုလိုက်တော့ တစ်စုတစ်စည်းတည်း ဖတ်လို့ရသွားတာပေါ့ ^_^

စိုင်းလောဝ်ပိန်း said...

အ နေတဲ့လက် အကြိုက်ဆုံးပဲဗျာ။ ဟိုတစ်ခါတင်တည်းက အရမ်းကြိုက်တယ်။