HAPPY BIRTHY TO MY LITTLE BELL :)

ကျွန်တော့်ခေါင်းလောင်းလေးရဲ့ မွေးနေ့ပါ ..။
ပြောရရင် ဒီနှစ်မှာခေါင်းလောင်းသံတွေ ကျွန်တော်ကြားဖို့ခက်ခဲနေတယ် ..။
ဘာပဲဖြစ်ဖြစ်ပါ တကယ်မကြားရပေမယ့် တကယ်ကြားနေရသလို ကျွန်တော်
နားစိုက်ထောင်နေပါတယ် ..။ထုံးစံအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ် ..။
မွေးနေ့မှာ ပျော်ရွှင်ပါစေ ခေါင်းလောင်းလေးရေ ..။


“ မာတိကာ ”


အမေ့ရင်ခွင် တိုးဝင်ခွေ့ရန် ပုခုံးနှစ်ဖက်ကြားမှ ဦးခေါင်း
စွန်းထင်းရန် လွယ်ကူသော ရင်ခွင်ဖြူ
ပတ်ဝန်းကျင်ကိုလိုက်ကာ အရောင်ပြောင်းတတ်သောစိတ်
ဆေးရောင်ဗရပွနှင့် စုတ်ချက်ကြမ်းမျိုးစုံ
အယူအဆများကြားမှ စစ်ပွဲ
သန်သန်မာမာ အတောင်အလက်များဖြင့် ပျံသန်းခြင်း
ပျော်ရွှင်စုံမက်ဖွယ် သက္ကရာဇ် ရေစီးကြောင်း
ဒဏ်ရာအနာတရ လဲပြိုကျ နေ့ရက်များ
အမှန်အမှား ခွဲခြားတတ်လိုသော အာသီသ
မီးခိုးငွေ့များကြား ၁ မှ ၃၀
၃၁ ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ချစ်သူထံမှ ပျော်ရွှင်ပါစေကြောင်း ကြေးနန်း ....။။


အိုင်လွယ်ပန်

4 comments:

Zephyr said...

တဖျပ်ဖျပ်လက်နေခြင်းတရား၊
မိတ်ဖြစ်ဆွေဖြစ်ငှဲ့လိုက်တဲ့ခွက်ထဲ ထပြန်တဲ့ အလင်းလို၊
တသီးပုဂ္ဂဒဏ်ရာတွေ၊
တိုးတိုးသက်သာ ဖျောင်းဖြနေရတဲ့ ညနေခင်း
တစ်ပွေ့တစ်ပိုက်စာ အလွမ်းနဲ့ ခပ်ဆင်ဆင်အရာတွေ၊
နှလုံးသားထဲခေါင်းတိုးဝင်လာတဲ့ ကုလားအုတ်တစ်ကောင်ကို လက်ဝယ်ပိုင်ပိုင် ရရှိစဉ်ခဏ .....၊

ခရီးဝေးတွေကို ချိတ်သွယ်ဖို့ ....
စိတ်တွေကိုပဲ အရှည်ကြီးဆွဲဆန့်ပစ်လိုက်ရတယ်။

Happy Birthday .....

နွေဆူးလင်္ကာ said...

ခေါင်းလောင်းသံတွေကို ကျနော်လည်း လွမ်းတတ်ပါတယ် .

တင့်ထူးရွှေ said...

မွေးနေ့ တိုင်း သတိတရ ရှိတတ်တဲ့ ချစ်သူအပေါ် ဂရုစိုက်မှုမျိုး ခေါင်းလောင်းလေး ရင်ထဲမှာ ညင်သာစွာ စီးဆင်းသွားမှာပါ ။

Anonymous said...

လင့်ခ်ယူသွားပါတယ်နော်